မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် (၂) စင်းပစ်လွှတ်

67364341_2499759660054939_8229676415998492672_n.jpg

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် (၂) စင်းကို ပင်လယ်ထဲပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်ရုံးကပြောပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်အစောပိုင်းက မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဝမ်ဆန်မြို့ကနေ ဒုံးကျည်တွေပစ်လွှတ်ခဲ့တာပါ။ အဲဒီဒုံးကျည် (၂) စင်းဟာ အမြင့်ပေ (၅၀) ကီလိုမီတာမှာ ပျံသန်းခဲ့ပြီး ဂျပန်ပင်လယ်ထဲကျသွားခဲ့တယ်လို့ အစောပိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံရေပိုင်နက်ထဲကို ဒုံးကျည်ကျရောက်ခဲ့ခြင်းမရှိသလို အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုမရှိဘူးလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

ဒုံးကျည်တစ်စင်းကတော့ (၄၂၈) မိုင်အထိပျံသန်းခဲ့ပြီး ဒီဇိုင်းသစ်ဖြစ်လောက်တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်ရုံး အရာရှိတစ်ဦးကပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ စစ်ရေးကင်းမဲ့ဇုန် (DMZ) မှာတွေ့ဆုံခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး ဒုံးကျည်ပစ်လွှတ်မှုဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကြား နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့ပြင်ဆင်နေတာတွေကို မြောက်ကိုရီးယားနိုင်ငံကဒေါသထွက်နေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီလိုလုပ်ရပ်တွေမလုပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကိုမေတ္တာရပ်ခံထားပြီး ဒီလုပ်ရပ်တွေကတင်းမာမှုဖြေလျှော့ဖို့ အထောက်အပံ့မဖြစ်စေနိုင်ဘူးလို့ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top