နှစ်ကုန်ရင် လက်ဝှေ့သမားဘဝကနေ အနားယူဖွယ်ရှိတယ်လို့ တိုင်ဆန်ဖျူရီ ပြော

yyl-040-1.jpg

၂၀၂၀ ပြည့်နှစ်အကုန်မှာ လက်ဝှေ့လောကကနေ အနားယူဖွယ်ရှိတယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ နွှဲဖို့ရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၈ ခုနှစ်တုန်းက ပထမအကြိမ် ထိုးသတ်ခဲ့ဖူးပြီး အဲဒီပွဲစဉ်ကတော့ အငြင်းပွားဖွယ် သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒီယွန်တေးဝှိုက်ဒါနဲ့ပွဲစဉ် အပါအဝင် ပွဲစဉ်(၃)ပွဲ ထိုးသတ်ပြီးရင် လက်ဝှေ့လောကကနေ အနားယူမယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။ တိုင်ဆန်ဖျူရီနဲ့ ဒီယွန်တေးဝှိုက်ဒါတို့ရဲ့ စိတ်မကျေပွဲမှာ ရှုံးနိမ့်ခဲ့သူဟာ နောက်တစ်ပွဲထပ်ထိုးဖို့ စိန်ခေါ်ခွင့်ရှိပြီး ထိုးကြေးရဲ့ (၄၀)ရာခိုင်နှုန်း ရရှိမှာပါ။ တိုင်ဆန်ဖျူရီအနေနဲ့ ဒီယွန်တေးဝှိုက်ဒါကို (၂)ပွဲလုံး အနိုင်ရခဲ့မယ်ဆိုရင်တော့ ဟဲဗီးဝိတ် ချန်ပီယံခါးပတ်(၃)ခု ပိုင်ဆိုင်ထားတဲ့ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာနဲ့ ထိုးသတ်ဖွယ်ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top