လူမှုကွန်ရက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာဗီဒီယိုပေါက်ကြားပြီးနောက် မာလာဂါအသင်းက နည်းပြကို ရာထူးက ဆိုင်းငံ့

yyl-039-1.jpg

လူမှုကွန်ရက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုပေါက်ကြားခဲ့ပြီးနောက်မှာတော့ စပိန်ဒုတိယတန်းကလပ် မာလာဂါအသင်းက နည်းပြဖြစ်သူ ဗစ်တာဆန်းချက်ဇ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။ အသက် ၄၃ နှစ်ရှိတဲ့ စပိန်ကွင်းလယ်လူဟောင်း ဗစ်တာဆန်းချက်ဇ်ဟာ ၂၀၁၉ ခုနှစ် ဧပြီလကမှ မာလာဂါအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူပါ။ သူ့အနေနဲ့ အနိုင်ကျင့် ခြိမ်းခြောက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရတယ်လို့ ဗစ်တာဆန်းချက်ဇ်က ဆိုခဲ့ပြီး ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့နဲ့ ဖြေရှင်းနေတယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အဲဒီဗီဒီယိုကို ဝေမျှတာ၊ ပျံ့နှံ့အောင်လုပ်တာဟာ ရာဇဝတ်မှုမြောက်တယ်လို့ ဗစ်တာဆန်းချက်ဇ်က သတိပေးထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မာလာဂါအသင်းဥက္ကဋ္ဌ အယ်သာနီက တွစ်တာပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အမြဲတမ်း လိမ်ညာနေတာ ဘယ်သူလဲ သိရဖို့ စောင့်ဆိုင်းနေပါတယ်။ သူက ဘယ်တော့မှ အမှားမလုပ်တဲ့ နတ်သားတစ်ပါးလို လုပ်နေပါတယ်။ သူက တစ်ခါမျှ မှားပါတယ်လို့ ဝန်မခံချင်ဘူး။ အမှန်ကို ပြောလိုက်စမ်းပါ။ လူတိုင်းကို အမြဲတမ်းလိမ်ညာနေတာ သူ့အတွက် ကောင်းတယ်လို့ ထင်နေတာလား။ စိတ်ကိုခိုင်ခိုင်ထားပြီး ကျွန်တော် အမှားလုပ်ပါတယ်လို့ ပြောလိုက်စမ်းပါ’’လို့ အယ်သာနီက ရေးသားခဲ့ပါတယ်။ မာလာဂါအသင်းဟာ ဆီဂန်ဒါပွဲစဉ်(၂၂)ပွဲအပြီးမှာ တန်းဆင်းဇုန်နေရာက အသင်းထက် တစ်မှတ်ပဲ ပိုများပြီး အဆင့်(၁၆)နေရာမှာ ရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top