ဒွိန်းဂျွန်ဆန်ရဲ့ ဗလတောင့်တောင့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နာမည်ကြီးမင်းသားနှစ်ယောက်က ဘယ်လိုတွေ ချီးမွမ်းထားလဲ

Dwayne.png

ဟော်လိဝုနာမည်ကြီးမင်းသား ဒွိန်းဂျွန်ဆန် (Dwayne “The Rock” Johnson) လို့ပြောလိုက်တာနဲ့ ဗလတောင့်တောင့်၊ ခန္ဓာကိုယ်အမိုက်စားနဲ့ ဘဲကြီးလို့ စာဖတ်ပရိသတ်တွေ ပြေးမြင်မိကြမှာပါ။ သူ့ရဲ့ဗလတောင့်တောင့်ခန္ဓာကိုယ်ကို ကျွန်တော်တို့ မြင်မိရင်ပဲ အားကျချီးကျူးနေကြရပါတယ်။ အားကျချီးကျူးမိတာ ကျွန်တော်တို့တင်မဟုတ်ပါဘူး။ Fast & Furious Presents: Hobbs & Shaw ရုပ်ရှင်ကားက ဒွိန်းဂျွန်ဆန်ရဲ့ တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ အစ်ဒရစ်စ် အယ်လ်ဘာ (Idris Elba) နဲ့ ဂျေဆန်စတက်ဟန် (Jason Statham) တို့ကလည်း ဒွိန်းဂျွန်ဆန်ရဲ့ခန္ဓာကိုယ်ကို အားကျနေကြတာပါ။ ဒွိန်းဂျွန်ဆန်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး သူတို့တွေက အခုလိုပဲ ချီးမွမ်းပြောဆိုခဲ့ပါတယ်။

“ဒွိန်းရဲ့ခန္ဓာကိုယ်ကျစ်လျစ်မှုက ကျွန်တော့ကို ဆွဲဆောင်ထားပါတယ်။ သူဟာ သေချာပေါက် ကျွန်တော့ကို အတုယူစေခဲ့ပါတယ်။ ကျွန်တော်က Gym သွားတက်တဲ့သူတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တိုက်ရည်ခိုက်ရည်အတွက် လေ့ကျင့်ရတာ ကြိုက်ပါတယ်။ ဒါပေမဲ့ ဒွိန်းလုပ်ဆောင်တဲ့အရာက အရမ်းတိကျပြီး သူ့ရဲ့ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပါတယ်။ အဲဒါကတော့ မယုံနိုင်လောက်အောင်ပါပဲ”လို့ Fast & Furious Presents: Hobbs & Shaw ရုပ်ရှင်ကား ရုံတင်မပြသခင်အင်တာဗျူးတစ်ခုမှာ အစ်ဒရစ်စ် အယ်လ်ဘာက ပြောခဲ့ပါတယ်။

ဂျေဆန်စတက်ဟန်ကတော့ ဒီရုပ်ရှင်ကားမှာ သူရဲ့အင်္ကျီမပါတဲ့ခန္ဓာကိုယ်ကို မြင်တွေ့ရမှာမဟုတ်ဘူးလို့ ရုပ်ရှင်ကြည့်ပရိသတ်တွေကို အသိပေးထားပါတယ်။ ဒါပေမဲ့လို့ အဲဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆန်ကတော့ ဂျေဆန်လိုမဟုတ်ပါဘူး။ ဒွိန်းရဲ့အမိုက်စားခန္ဓာကိုယ်ကို ပရိသတ်တွေ တွေ့ရမှာပါ။

“ဒီရုပ်ရှင်က ကျွန်တော် အင်္ကျီမချွတ်ဖြစ်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ။ ဒွိန်းကတော့ တကယ့်ကို အမိုက်စားပါပဲ” လို့ ဂျေဆန်စတက်ဟန် ပြောပါတယ်။

ဂျေဆန်နဲ့ ဒွိန်းတို့က အရင် Fast & Furious franchise တွေမှာ ပါဝင်ခဲ့ဖူးကြပေမယ့် အစ်ဒရစ်ကတော့ အခုကားမှာစပြီး ပါဝင်ဖြစ်ခဲ့တာပါ။

Hobbes & Shaw ရုပ်ရှင်ကားဟာ ဆိုက်ဘာ-မျိုးရိုးဗီဇမြှင့်တင်ထားတဲ့ လူဆိုးတွေက အနာဂတ်လူသားအမျိုးအနွယ်တွေကို ခြိမ်းခြောက်လာတဲ့အခါမှာ မဟာမိတ်အဖွဲ့အဖြစ်ဖွဲ့စည်းခဲ့တဲ့ လူနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကို ၂၀၁၉ခုနှစ် သြဂုတ်လ (၂) ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Ref: ENews “Jason Statham and Idris Elba Can’t Stop Raving About Dwayne “The Rock” Johnson’s Muscles ”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top