ဆယ်လီနာဂိုမက်စ်ရဲ့ ဘဝကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး ဆိုတဲ့ သူမရဲ့ မိခင်

sele.jpg

ကမ္ဘာကျော်အဆိုတော် ဆယ်လီနာဂိုမက်စ်ရဲ့ မိခင်ဖြစ်သူ မန်ဒီတီဖေး က သူရဲ့သမီးနဲ့ ဂျက်စတင်ဘီဘာ ပြန်အဆင်ပြေနေတဲ့အပေါ် မနှစ်မြို့ပေမယ့်လည်း ဆယ်လီနာဂိုးမက်စ်ရဲ့ ဘဝကို ကြားဝင်စွက်ဖက်မှာ မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်။

ဆယ်လီနာ ဂိုမက်စ် ရဲ့ မိသားစု ကတော့ ဂျက်စတင်ဘီဘာနဲ့ ပြန်တွဲနေတာကို မနှစ်သက်ဘဲ စိုးရိမ်နေတယ်လို့ ဆယ်လီနာဂိုမက်စ် မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ သုံးနှစ်တာကာလအတွင်း ချစ်လိုက်၊ ပြတ်လိုက်ဖြစ်ခဲ့ကြတဲ့ ဆယ်လီနာဂိုမက်စ်နဲ့ ဂျက်စတင်ဘီဘာတို့ဟာ ၂၀၁၄ ခုနှစ်မှာ ချစ်သူအဖြစ်ကနေ ပြတ်စဲခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ပြန်တွဲခဲ့တာဖြစ်ပါတယ်။

မိခင်ဖြစ်သူက သမီးဖြစ်သူ ဆယ်လီနာဂိုမက်စ်ဟာ သူ့ဘဝကို သူ့ဖာသာ ရပ်တည်လျှောက်လှမ်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။ သူက “ဆယ်လီနာဂိုမက်စ် ဟာ အသက် ၂၅ နှစ်ရှိပါပြီ။ ကျန်းမာရေးလည်း ကောင်းမွန်တယ်၊ သူမ ဘဝကို ထိန်းချုပ်မှုတွေလုပ်မှာ မဟုတ်ပါဘူး၊ အရွယ်ရောက်သူဖြစ်နေလို့ သူမဘဝကို ရွေးချယ်နိုင်တယ်” လို့ ဆိုပါတယ်။ ဆယ်လီနာဂိုမက်စ် ဟာ ဂျက်စတင်ဘီဘာနဲ့ ပြန်မတွဲခင်အချိန်တည်းက မိခင်ဖြစ်သူနဲ့ ဆက်ဆံရေးအေးစက်နေခဲ့ပြီး တစ်ဦး နဲ့တစ်ဦး စကားပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆယ်လီနာဂိုမက်စ်ဟာ မိခင်ဖြစ်သူ မန်ဒီကို သူ့ရဲ့ မန်နေဂျာအဖြစ် ထုတ်ပယ်လိုက်တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်းတည်းက ဆက်ဆံရေးတွေအေးစက်နေခဲ့တာပါ။

Ref: Eonline: Selena Gomez’s Mom “Not Happy” About Justin Bieber Reunion

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top