ကင်ဝူဘင်နဲ့ ရှင်မင်းအာတို့နှစ်ဦးကြားက ဆက်ဆံရေး

shin.jpg

ဇန်နဝါရီလ ၁၅ ရက်နေ့ Channel A ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့ “Heard It Through the Grapevine”အစီအစဉ်စကားဝိုင်းမှာ ကင်ဝူဘင်နဲ့ ရှင်မင်းအာတို့နှစ်ဦးကြားဆက်ဆံရေးအကြောင်းကို ခေါင်းစည်းသတင်းတစ်ခုအဖြစ် ဆွေးနွေးခဲ့ပါတယ်။

ပထမဆုံးသတင်းထောက်က “ကျွန်တော်ကြားတာက ရိုက်ကွင်းမရှိတဲ့ရက်တွေဆို ရှင်မင်းအာက ဆေးရုံပေါ်က ဝူဘင်ဆီအမြဲသွားတယ်။ သူ့ရဲ့ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ချစ်သူဆီသွားပြီး ဂရုစိုက်တာ ချစ်ဖို့အရမ်းကောင်းတာပဲဗျာ”လို့ပြောခဲ့ပါတယ်။

စကားဝိုင်းမှာ အစီအစဉ်တင်ဆက်သူက “သူတို့စုံတွဲပြတ်သွားပြီ”ဆိုတဲ့ ကောလာဟလအကြောင်းမေးတဲ့အခါ နောက်ထပ်သတင်းထောက်တစ်ယောက်က “လတ်တလောမှာ ကျွန်တော်ကြားတာက ရှင်မင်းအာက ဝူဘင်ကို ဂရုစိုက်တုန်းပဲဗျ။ သူတို့နှစ်ယောက်ပြတ်သွားပြီဆိုတာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

အခြားသတင်းထောက်တစ်ယောက်ထပ်လောင်းပြောပြတာက” သူတို့တွဲလာတာ ၂ နှစ်တောင်ရှိပြီဗျ။ သူတို့နှစ်ဦးရဲ့ အချစ်ရေးမှာ ပြသနာမရှိပါဘူး။ အချစ်ဝတ္တုထဲကလို ချစ်သူကောင်လေး နေမကောင်းချိန် ချစ်သူကောင်မလေးက ဂရုစိုက်သလိုပေါ့ဗျာ။ ဒီလိုနဲ့သူတို့နှစ်ဦးသားဆက်ဆံရေးက ပိုပြီးတော့တောင်လေးနက်လာမှာဗျ” လို့ပြောကြားခဲ့ပါတယ်။

ကင်ဝူဘင် လည်ချောင်းကင်ဆာစတင်ခံစားရချိန်ကတည်းက မင်းသမီးရှင်မင်းအာက သူ့ရဲ့ချစ်သူဆေးကုသမှုမှာ အစွမ်းကုန်ကူညီသွားမှာလို့ အေဂျင်စီကိုပြောကြားခဲ့ပါတယ်။ ကင်ဝူဘင်ဆေးရုံတက်ပြီး ဓာတ်ရောင်ခြည်ကုသထုံးခံယူစဉ်မှာ ရှင်မင်းအာက အနားမှာအမြဲရှိခဲ့တာပါ။ ရှင်မင်းအာနဲ့ ကင်ဝူဘင်တို့က Giordano ဖက်ရှင်အတွက်ကြော်ငြာရိုက်ကူးရင်း ရင်းနှီးခဲ့ရာမှ ချစ်သူအဖြစ်ရောက်ရှိခဲ့ပြီး ၂၀၁၅ မှာ ချစ်သူဖြစ်ပြီလို့ အတိအလင်းကြေညာခဲ့တာပါ။

Allkpop: Reporters give an update on Shin Min Ah and Kim Woo Bin’s relationship

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top