Heineken® က မြန်မာနိုင်ငံတွင် Afterwork ပွဲ ဆင်နွှဲသည့် ယဉ်ကျေးမှုကို မိတ်ဆက်

1.jpg

ကမ္ဘာ့ထိပ်တန်း ပရီမီယံဘီယာကုမ္ပဏီကြီးဖြစ်သော Heineken® သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် Afterwork by Heineken® ကိုဂုဏ်ယူစွာဖြင့် မိတ်ဆက်လိုက် ပြီဖြစ်သည်။ ကမ္ဘာအနှံ့အပြားတွင် ကျင်းပနေခဲ့သော ဤ Afterwork by Heineken® ဆိုသည်မှာ Heineken® အနေဖြင့် သောကြာနေ့များတွင် လူငယ် Executive များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ပရော်ဖက်ရှင်နယ်များအတွက် အထူးပါတီပွဲများ ကျင်းပပေးသည့် အစီအစဉ်တစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံမှ တက်ကြွဖျတ်လတ်သော ပရော်ဖက်ရှင်နယ် လူငယ်များအနေဖြင့် ပင်ပန်းနွယ်နယ်သော ရက်သတ္တပတ်တစ်ခု ပြီးဆုံးသည့်အချိန်တွင် မိတ်ဆွေသူငယ်ချင်းများနှင့် အတူတွေ့ဆုံ၍ DJ ဖျော်ဖြေတင်ဆက်မှုများ၊ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ၊ အစားအသောက်ကောင်းများရှိရာ ဤပါတီပွဲများတွင် ဆင်နွှဲ၍ စိတ်အပန်ဖြေအနားယူ နိုင်မည်ဖြစ်သည်။

Afterwork by Heineken® ပါတီပွဲများကိုရန်ကုန်နှင့် မန္တလေးမြို့များရှိ Heineken® အရောင်းဆိုင်အချို့တွင် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ Heineken® အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊ သောကြာနေ့တွင် Vista Bar ၌ ရန်ကုန်မြို့ရှိ ပရော်ဖက်ရှင်နယ် လူငယ်များအပြည့်ဖြင့် အောင်မြင်စွာ ကျင်းပခဲ့ပြီး တေးဂီတဆိုင်ရာ ဉာဏ်စမ်းများ၊ ဖျော်ဖြေ တင်ဆက်မှုများကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များ၊ နာမည်ကြီး DJ တို့၏ ဖျော်ဖြေတင်ဆက်မှုများကို တင်ဆက်ပေးခဲ့ကာ တက်ရောက်ဆင်နွှဲသူများ အတွက်ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်များ၊ အမှတ်တရအချိန်များကို ဖန်တီးပေးခဲ့သည်။

မိမိ၏ မိတ်ဆွေများ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ပါတီပွဲဆင်နွှဲ၍ ထူးခြားသော သောကြာနေ့ ညနေခင်းများတွင် စိတ်အပန်းဖြေ အနားယူလိုသူများသည် Afterwork by HEINEKEN Myanmar Facebook Page တွင်ဝင်ရောက်၍ စာရင်းပေးသွင်းကာ ပါတီပွဲကျင်းပမည့် ဆိုင်များတွင် ကြိုတင်နေရာရယူ နိုင်မည်ဖြစ်ပြီးထိုသို့ စာရင်းပေးသွင်း ထားသူများ အနေဖြင့် Heineken® ဘီယာအေးအေးတစ်ခွက်ကို အခမဲ့သုံးဆောင်နိုင်မည်ဖြစ်သည်။ Heineken® အနေဖြင့် VIP Premium ကတ်များကို နာမည်ကြီး အနုပညာရှင်များမှ တစ်ဆင့်ဖြစ်စေ၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကုမ္ပဏီကြီးများသို့ သွားရောက်ခြင်းအားဖြင့်ဖြစ်စေ ဖြန့်ဝေပေး လျက်ရှိသည်။ ဤ VIP Premium ကတ်ရရှိထားသူများသည် ပါတီပွဲတိုင်းတွင် လက်ဆောင်ပစ္စည်းတစ်ခုကို ရယူသွား နိုင်မည်ဖြစ်ကာ ရန်ကုန်မြို့ရှိ နေရာငါးခုလုံးတွင် ပါဝင်ဆင်နွှဲနိုင်သူများသည် Heineken® ထံမှ စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်ကြီးတစ်ခုကို ထပ်မံရယူသွားနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top