ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် စုပေါင်းသစ်ပင်စိုက်ခဲ့ကြတဲ့ ယူကျုဘ်ဆယ်လီတွေ

yyl-30-017.jpg

မဟတ္တမ ဂန္ဒီက “ကမ္ဘာကြီးပြောင်းလဲတာ မြင်ချင်ရင် သင့်ကိုယ်တိုင်ကစပြီး ပြောင်းလဲရမယ်” လို့ ပြောခဲ့ဖူးပါတယ်။ သူပြောတဲ့စကားလိုပါပဲ။ လူတွေက ပါးစပ်ကသာ ကမ္ဘာကြီးပြောင်းလဲတာ မြင်ချင်တယ်လို့ ပြောနေကြပေမယ့် ကိုယ့်ကိုယ်တိုင်က စပြီးပြောင်းလဲအောင် မလုပ်ချင်ကြပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်က ကမ္ဘာကြီးပြောင်းလဲဖို့အတွက် နည်းနည်းလေးပြောင်းလဲမှု လုပ်လိုက်တာနဲ့ ပြောင်းလဲမှုတွေ အများကြီးဖြစ်လာမှာပါ။ အဲဒီလိုပဲ ရာသီဥတုပြောင်းလဲမှု ပြဿနာကို ဖြေရှင်းချင်ရင်လည်း ကျွန်တော်တို့ကိုယ်တိုင် ဒီပြဿနာကိုဖြေရှင်းဖို့ အဖွဲ့အစည်းတွေနဲ့အတူ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အခုဆိုရင်လည်း ရာသီဥတုပြောင်းလဲမှု ပြဿနာကို ဖြေရှင်းရာရောက်တဲ့ သစ်ပင်စိုက်ပျိုးတာတွေကို ဆောင်ရွက်နေကြပါပြီ။ အွန်လိုင်းမှာ “Mr Beast” လို့ သိကြတဲ့ Youtuber ဂျင်မီ ဒိုနယ်ဆန် (Jimmy Donaldson) ကလည်း subscriber သန်း (၂၀) ရရှိတဲ့ အထိမ်းအမှတ်အဖြစ် သစ်ပင် သန်း(၂၀) စိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလိုသစ်ပင်စိုက်ဖို့အတွက် လူမှုကွန်ယက်အကောင့်က လူတော်တော်များများက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့တောင်းဆိုချက်က ရာသီဥတုပြောင်းလဲမှုပြဿနာကို ဖြေရှင်းရာလည်းရောက်၊ Subscriber သန်း(၂၀) ရရှိတဲ့အတွက် ဂုဏ်ပြုရာလည်း ရောက်တဲ့အတွက် သစ်ပင်စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ လူတစ်ယောက်တည်းနဲ့ သစ်ပင် သန်း (၂၀) စိုက်ပျိုးဖို့ဆိုတာ ခက်ခဲတာကြောင့် Youtuber (၆၀၀) နဲ့ စုပေါင်းပြီး သစ်ပင်စိုက်ဖို့ စဉ်းစားမိခဲ့ပါတယ်။ Mr Beast က သစ်ပင် သန်း (၂၀) က ရာသီဥတုပြောင်းလဲမှု ပြဿနာကို ချက်ချင်းကြီးဖြေရှင်းရာမရောက်ပေမဲ့ သစ်ပင်မစိုက်ဘဲနေတာက ရာသီဥတုကိုဆိုးရွားစေနိုင်တယ်လို့ ယုံကြည်ထားပါတယ်။

Mr Beast က အခြား Youtuber တွေနဲ့အတူ တစ်နေ့နဲ့တစ်နေ့ကို သစ်ပင်အရေအတွက် မတူအောင် စိုက်ပျိုးခဲ့ကြပါတယ်။ တချို့ Youtuber တွေက သစ်ပင်အရေအတွက် များများစိုက်ပျိုးဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကိုရှာခဲ့ပါတယ်။ တီထွင်ဖန်တီးသူလည်းဖြစ်၊ အင်ဂျင်နီယာလည်းဖြစ်တဲ့ မက်ခ် ရောဘာက ဒရုန်းကိုအသုံးပြုပြီး သစ်ပင်တွေ စိုက်ပျိုးဖို့ ကြိုးစားခဲ့ပါတယ်။

Mr Beast က Youtuber အဖွဲ့အစည်းကိုပဲ သစ်ပင်စိုက်ဖို့အတွက် တိုက်တွန်းခဲ့တာ မဟုတ်ပါဘူး။ သူရဲ့ပရိသတ်တွေနဲ့ follower တွေကို သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှုကို ကူညီရာရောက်တဲ့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။ ဒါ့အပြင် Mr beastက Arbor Day Foundation နဲ့လည်း စုပေါင်းစိုက်ပျိုးခဲ့ပါတယ်။

Ref: Boredpanda “600 YouTubers Pledge To Plant 20 Million Trees Together To Fight Climate Change”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top