မန်ယူအသင်းသားတွေရဲ့ ခြေစွမ်းက ဟာသဖြစ်နေတယ်လို့ ဆိုးလ်ရှား ကြိမ်းမောင်း

img17-1.jpg

ဆောက်သမ်တန်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အဝတ်လဲခန်းထဲမှာ နည်းပြ ဆိုးလ်ရှား ပေါက်ကွဲခဲ့တယ်လို့ အတွင်းသတင်းတစ်ရပ်က ဖော်ပြပါတယ်။ ဆောက်သမ်တန်က ပွဲပြီးဖို့ မိနစ်(၂၀)လောက်အလိုမှာ ကစားသမား တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ မန်ယူထံကနေ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။
”မန်ယူအသင်းသားတွေရဲ့ ခြေစွမ်းက ဟာသဖြစ်နေတယ်၊ ရှက်စရာကောင်းတယ်”လို့ ဆိုးလ်ရှားက ဝေဖန်ခဲ့ပါတယ်။ ဆိုးလ်ရှားက ကစားသမားတစ်ဦးတစ်ယောက်စီကို ဝေဖန်ခဲ့တာမဟုတ်ဘဲ တစ်သင်းလုံးကို သိမ်းကြုံး ကြိမ်းမောင်းခဲ့တာပါ။ မန်ယူအသင်း ကစားသမားတွေက အသင်းတစ်သင်းအဖြစ် အခြေခံကျကျ ကစားဖို့ထက် တစ်ကိုယ်တော် ခြေစွမ်းပြနိုင်ရေးကိုပဲ ဦးစားပေးခဲ့တယ်လို့ ဆိုးလ်ရှားက စွပ်စွဲခဲ့ပါတယ်။
မန်ယူဟာ အဖွင့်ပွဲမှာ ချဲလ်ဆီးကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပေမဲ့ နောက်ပွဲတွေမှာ ဝုဗ်ကို သရေ၊ ခရစ္စတယ်ပဲလေ့စ်ကို ရှုံး၊ ဆောက်သမ်တန်ကို သရေကျပြီး အဆင့်(၈)နေရာမှာ ရပ်တည်နေပါတယ်။ အခုအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးထက် (၇)မှတ် နည်းနေပါတယ်။ နိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ စက်တင်ဘာလ ၁၄ ရက်မှာ မန်ယူက လက်စတာနဲ့ ယှဉ်ပြိုင်ရမှာပါ။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top