ဗလင်စီယာ တောင်ပံကစားသမား ဖာရန်းတောရက်စ်ကို မန်စီးတီး ခေါ်ယူ

30-7-2020-yyl-016.jpg

မန်စီးတီးအသင်းဟာ ဗလင်စီယာတောင်ပံကစားသမား ဖာရန်းတောရက်စ်ကို ပေါင် ၂၁ သန်း ကနဦးပေးချေရမယ့် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ စပိန် ယူ-၂၁ လက်ရွေးစင် ကစားသမား ဖာရန်းတောရက်စ်ဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ပထမဆုံးခေါ်ယူတဲ့ ကစားသမား ဖြစ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားတဲ့ လီရွိုင်းဆာနေးရဲ့ကွက်လပ်ကို ဖြည့်ဆည်းပေးမှာပါ။ အသက် ၂၀ အရွယ်ရှိတဲ့ ဖာရန်းတောရက်စ်ဟာ မန်စီးတီးအသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဗလင်စီယာဟာ ဖာရန်းတောရက်စ်အတွက် ထပ်ဆောင်းဆုကြေးခံစားခွင့် ပေါင်(၁၁)သန်းအထိ ရဖွယ်ရှိပါတယ်။ မန်စီးတီးအသင်းဟာ မန်ယူ၊ ဂျူဗင်တပ်၊ ဒေါ့မွန်၊ ရီးရဲလ်နဲ့ အက်သလက်တီကိုအသင်းတွေကို ကျော်ဖြတ်ပြီး ဖာရန်းတောရက်စ်ကို ခေါ်ယူနိုင်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဗြိတိန်နိုင်ငံမှာ ခရီးသွားလာမှုတွေ ကန့်သတ်ထားတဲ့အတွက် ဖာရန်းတောရက်စ်က စပိန်နိုင်ငံမှာပဲ ဆေးစစ်မှု ခံယူခဲ့တာပါ။ ” မန်စီးတီးကို ပြောင်းရွှေ့ရတာ ပျော်မိပါတယ်။ ကစားသမားတိုင်း တိုက်စစ်အားသန်တဲ့ အသင်းတွေမှာ ကစားချင်ကြပါတယ်။ မန်စီးတီးက ကမ္ဘာ့ဘောလုံးလောကမှာ တိုက်စစ်အားအကောင်းဆုံး အသင်းတစ်သင်းပါ”လို့ ဖာရန်းတောရက်စ်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top