ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ပထမဆုံးအကြိမ် ထွက်ရဖွယ် ရှိနေတဲ့ ရီးရဲလ်

2-12-2020-yyl-020.jpg

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ရီးရဲလ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေ ထွက်ရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ရှက်တာဒိုးနက်ကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်ဟာ ဒီနေ့ နံနက်ပိုင်းကလည်း ရှက်တာဒိုးနက်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ရီးရဲလ်၊ အင်တာမီလန်၊ မိုချန်ဂလက်ဘတ်၊ ရှက်တာဒိုးနက်တို့ ပါဝင်တဲ့ အုပ်စု (B)ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိတ်အနယ်အရှိဆုံးဖြစ်နေပြီး နောက်တစ်ဆင့်တက်ခွင့်ရဖို့ ဘယ်အသင်းမှ မသေချာသေးပါဘူး။ ရီးရဲလ်က အုပ်စုနောက်ဆုံးပွဲမှာ မိုချန်ဂလက်ဘတ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ရမှတ် (၁၀)မှတ်နဲ့ နောက်တစ်ဆင့် တက်ခွင့်ရမှာပါ။ (တကယ်လို့ အင်တာမီလန်က ရှက်တာဒိုးနက်ကို အနိုင်ရရင် ရီးရဲလ်က အုပ်စုဗိုလ် ဖြစ်ခွင့်ရမှာပါ)။ ဒါပေမဲ့ မိုချန်ဂလက်ဘတ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အင်တာမီလန်က ရှက်တာဒိုးနက်ကို အနိုင်ရခဲ့ရင် အုပ်စုအောက်ဆုံးအဆင့်ကို ရောက်ရှိသွားနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်)။

ရီးရဲလ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို (၁၃)ကြိမ် ဗိုလ်စွဲခဲ့ပြီး ဇီဒန်းက ချန်ပီယံလိဂ်ဖလား ၃ လုံးဆက်တိုက် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပထမဆုံး ရီးရဲလ်နည်းပြဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ရတဲ့ ပထမဆုံး ရီးရဲလ်နည်းပြ ဖြစ်လာဖွယ်လည်း ရှိနေပါတယ်။ ဇီဒန်းကတော့ ရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။

Ref: Dailymail ” Zinedine Zidane insists he WON’T quit as Real Madrid boss despite losing to Shakhtar Donetsk again to leave their Champions League hopes hanging by a thread – with his side well off the pace in LaLiga too”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top