သြစတြေးလျနိုင်ငံအတွက် ကြိုးစားပမ်းစားကူညီပေးသူတွေနဲ့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာပြီလို့ ပြောလို့ရတဲ့ပုံရိပ်တချို့

yyl-041-5.jpg

သြစတြေးလျတောမီးကနေ သက်ရှိတွေကို ကယ်တင်ပေးနေတဲ့ အပြင်လောကက ဟီးရိုးတွေရှိပါတယ်။ အဲဒီဟီးရိုးတွေထဲမှာ မီးသတ်သမားတွေ၊ တတ်နိုင်သမျှကူညီပေးနေတဲ့ပြည်သူတွေရော ဆယ်လီတွေပါ အပါအဝင်ပါပဲ။ မီးသတ်သမားတွေက တောမီးငြိမ်းသတ်ဖို့အတွက် မိုးရွာမရှောင်နေပူမရှောင်ကြိုးစားနေကြရပါတယ်။ တိရစ္ဆာန်ကုဆရာဝန်တွေကလည်း တောမီးဒဏ်ကို ခံစားနေရတဲ့ တိရစ္ဆာန်တွေကို အပြေးအလွှားကုသပေးနသလို ပြည်သူတွေကလည်း သူတို့တက်နိုင်သလောက် ကူညီပေးနေရပါတယ်။

ကမ္ဘာတစ်ဝှမ်းကလူတွေဟာ သြစတြေးလျကို ကယ်တင်ဖို့အတွက် ကြိုးစားအားထုတ်ပြီး အတူပူပေါင်းကူညီပေးနေကြတာပါ။ သြစတြေးလျနိုင်ငံကို ကယ်တင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းကလူတွေ ကြိုးစားမှုနဲ့ လုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းက ကောင်းတဲ့ရလဒ်တွေဖြစ်လာပါပြီ။ သြစတြေးလျနိုင်ငံအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီလို့ ပြောလို့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပုံတချို့ကို စုစည်းတင်ပြပေးလိုက်ရပါတယ်။

သြစတြေးလျနိုင်ငံက မီးလောင်ကျွမ်းထားတဲ့သစ်ပင်ကနေ ရွက်သစ်တွေ ပြန်ထွက်လာ

တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ဘဝ ပြန်လည်ရှင်သန်လာတော့မလား

ထိခိုက်ဒဏ်ရာရထားတဲ့ကိုအာလာကို အစားအစာကျွေးမွေးနေတဲ့ စေတနာ့ဝန်ထမ်း

ဆေးကုသခံယူပြီးနောက် ခိုးနားရာနေရာအသစ်ကို ပြောင်းရွေ့ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကိုအာလာများ

တိရစ္ဆာန်လေးတွေ စားသောက်ဖို့အတွက် လေယာဉ်ပေါ်ကနေ မုန်လာဥ ကီလိုဂရမ်များစွာ ပစ်ချပေး

သြစတြေးလျကို ကူညီပေးဖို့အတွက် ဆယ်လီတွေက ငွေကြေး သန်းချီလှူဒါန်းပေးခဲ့

တောမီးဒဏ်ခံခဲ့ရတဲ့ တိရစ္ဆာန်တွေအတွက် ကမ္ဘာတစ်ဝှမ်းက လူတွေဟာ အနွေးလက်အိတ်ခြေအိတ်တွေကို ပြုလုပ်ပေးခဲ့

ကိုအာလာတွေကို တောမီးလောင်မှုကနေ လူငယ်တစ်စုက ကယ်တင်ပေးခဲ့

တိရစ္ဆာန်တွေကို မီးလောင်မှုဒဏ်ကနေ ကယ်တင်ပေးနေတဲ့ မီးသတ်သမားများ

ထိခိုက်ဒဏ်ထိနေတဲ့ ကိုအာလာထောင်ပေါင်များစွာကို ကုသပေးနေပုံ

ဆစ်ဒနီရဲ့ Opera House မှာ မီးသတ်သမားတွေအတွက် ဂုဏ်ပြုပေးခဲ့ပုံ

အခုထိ သြစတြေးလျနိုင်ငံက တောမီးလောင်လောင်ကျွမ်းနေတုန်းပါပဲ။ တိရစ္ဆာန်သန်းပေါင်းများစွာက ကုသမှုနဲ့ အစားအစာတွေကို လိုအပ်နေပါတယ်။ သြစတြေးလျတောမီးအတွက် လှူဒါန်းကူညီမှုတွေလည်း ပြုလုပ်လို့ရပါတယ်။

Ref: New Photos From Australia That Awaken Hope in Our Hearts

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top