အအိပ်များတာက လေဖြတ်နိုင်ခြေကို တိုးစေသတဲ့

yyl-053-2.jpg

နေ့လယ်ခင်းတစ်ရေးတစ်မောအိပ်တဲ့အခါ ၁ နာရီခွဲထက်ကျော်ပြီး အိပ်တတ်လား။ ပြီးတော့နောက်တစ်ချက်က ညအိပ်ချိန်က ၉ နာရီနဲ့အထက်ရှိနေတာလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ ဒီဆောင်းပါးကို မဖြစ်မနေဖတ်ဖို့လိုအပ်နေပါပြီ။ လေဖြတ်တာက အခုနောက်ပိုင်းကမ္ဘာပေါ်မှာ လူအသေအပျောက်များလာစေတဲ့ လက္ခဏာတစ်ရပ်ပါ။

ဒီအသေအပျောက်များလာရတဲ့ အကြောင်းအရင်းကို လေ့လာဖို့အတွက် သုတေသီတွေကလေ့လာမှုတစ်ရပ်လုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုအရသိလိုက်တာက လေဖြတ်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲကတစ်ရပ်က အအိပ်များတာကြောင့်ဆိုတာပါ။ အအိပ်များတာက လေဖြတ်တာကိုတင်မဟုတ်ပါဘူး။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုပါဖြစ်စေနိုင်တယ်ဆိုတဲ့ သဘောပါ။

ကမ္ဘာတလွှားမှာ နှစ်စဉ်တက်လာနေတဲ့ လေဖြတ်သူအရေအတွက်

လေဖြတ်တာက ကမ္ဘာတလွှားမှာ လူတော်တော်များများကိုသေစေတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်လို့လာနေပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ လေဖြတ်တဲ့ဝေဒနာကို ခံစားရသူဦးရေ ၁၅ သန်းအထိရှိနေပြီး ဝေဒနာခံစားရသူတွေထဲက ၆ သန်းလောက်က သေဆုံးနေကြရပြီး ၅ သန်းလောက်က မသန်စွမ်းတဲ့ဘဝနဲ့ နေထိုင်နေကြရပါတယ်။

လေဖြတ်တာကိုဖြစ်စေတဲ့ မသိဘဲလုပ်မိနေတဲ့အချက်တစ်ရပ်

လေဖြတ်တာကို ဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ ဆီးချိုရှိတာလိုမျိုး ရောဂါအခံတစ်ခုခုရှိနေတာကြောင့် လေဖြတ်နိုင်သလို ဆေးလိပ်သောက်တာလိုမျိုး ဘဝနေထိုင်မှု ပုံစံတွေကြောင့်လည်း လေဖြတ်နိုင်ပါတယ်။ ဒီအချက်တွေအပြင် အိပ်ရေးပျက်တာ နဲ့ တစ်ညကို ၇ နာရီထက်ပိုပြီးအိပ်စက်တာတွေကြောင့်လည်း လေဖြတ်နိုင်ခြေများစေပါတယ်။

တရုတ်နိုင်ငံ Wuhan ပြည်နယ်မှာရှိတဲ့ Huazhong သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ပါမောက္ခ Xiaomin Zhang ဦးဆောင်ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ နေ့လယ်ခင်းကို အိပ်စက်ချိန်များများ အိပ်စက်တတ်သူတွေက လေဖြတ်နိုင်ခြေပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအတွင်း အသက် ၆၂ နှစ်အရွယ် အမျိုးသားနဲ့အမျိုးသမီး ၃၁၇၅၀ ကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုအစမှာ သူတို့က ရောဂါတစ်ခုခုခံစားနေတာမရှိသလို လေဖြတ်နိုင်ခြေရှိတဲ့ အခြားအချက်တွလည်းကင်းရှင်းကြပါတယ်။

လေ့လာမှုလုပ်ခဲ့တဲ့ ၆ နှစ်တာအတွင်းမှာ သူတို့ရဲ့ နေ့လယ်ခင်းအိပ်စက်မှုပုံစံနဲ့ ညဘက် အိပ်စက်မှုအလေ့အထတွေကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုအရသိရတာက လ့လာမှုမှာပါဝင်ခဲ့သူတွေထဲက ၈ ရာခိုင်နှုန်းကနေ့လယ်ကို တစ်နာရီခွဲလောက်အိပ်စက်တတ်ကြပြီး။ ၂၄ ရာခိုင်နှုန်းလောက်က တစ်ညတာမှာ အိပ်ချိန် ၉နာရီအထက်ရှိနေတာကိုတွေ့ခဲ့ရပါတယ်။ လေ့လာမှုရလဒ်အနေနဲ့ သိလိုက်ရတာက နေ့လယ်ခင်းကို ၁ နာရီခွဲထက်ပိုပြီး အိပ်စက်တတ်သူတွေက အခြားသူတွေထက် လေဖြတ်နိုင်ခြေ ၈၅ ရာခိုင်နှုန်းပိုများနေပြီး တစ်ညတာမှာ အိပ်စက်ချိန် ၉ နာရီနဲ့အထက်ရှိနေသူတွေက ပုံမှန်ထက်လေဖြတ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တာများတဲ့သူတွေကလည်း ပုံမှန်ထက်လေဖြတ်နိုင်ခြေ ၂၉ ရာခိုင်နှုန်း ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့်လေဖြတ်တာကို ကာကွယ်ဖို့အတွက် နေ့လယ်ခင်း အိပ်တတ်တယ်ဆိုရင်တောင် နာရီဝက်ထက်ပိုမအိပ်သင့်ပါဘူး။ ညဘက်ကိုလည်း ၇ နာရီ ကနေ ၈ နာရီလောက်အထိပဲအိပ်သင့်ပါတယ်။ ဒါကြောင့်မသိလိုက်ဘဲ နေ့ခင်းကို အိပ်မိနေမယ် ညဘက်ကို အိပ်ရေးပျက်ခံတာ၊ အိပ်ချိန် ၉ နာရီထက်ကျော်အိပ်တာမျိုး မလုပ်သင့်ပါဘူး။ အခုပြောခဲ့တဲ့အချက်လေးတွေကို သတိထားလို့ ကိုယ့်ကိုယ်ကိုယ် လေဖြတ်နိုင်ခြေကနေ ကာကွယ်လိုက်ရအောင်လား။

Ref : HelloSayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top