မိနစ်များများဖုန်းခေါ်ဆိုနိုင်မယ့် အကြိုက်ပြော Voice Pack ကို MPT မိတ်ဆက်

m1-2.jpg

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က နိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူတွေအတွက် (၁) မိနစ်လျှင် (၆) ကျပ်နှုန်းသာ ကျသင့်မယ့်“အကြိုက်ပြော” Voice Pack ဝန်ဆောင်မှုကို မေလ (၆) ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

MPT ရဲ့ GSM/ WCDMA သုံးစွဲသူတွေအနေနဲ့ အဲဒီ Voice Pack ကို မိမိတို့နှစ်သက်ရာ (၇) ရက်၊ ရက် (၃၀)၊ ရက် (၉၀) ဆိုပြီး နှစ်သက်ရာ ရွေးချယ်ပြီး *600# ကို ခေါ်ဆိုခြင်းဖြင့် ဈေးနှုန်းသက်သာပြီး ပိုမိုကောင်းမွန်တဲ့ Voice ပက်ကေ့ချ်တွေကို သုံးစွဲသူတွေက စိတ်တိုင်းကျ ရွေးချယ်သုံးစွဲနိုင်မှာဖြစ်ပြီး MPT အချင်းချင်း (ကြိုးဖုန်းအပါအဝင်) ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

အကြိုက်ပြော Voice Pack ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက MPT ရဲ့ Call Centre နံပါတ် (၁၀၆) သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPTရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mpt.com.mm၊ သို့မဟုတ် တရားဝင် facebook စာမျက်နှာ https://www.facebook.com/mptofficialpage ကို ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top