ကမ္ဘာ့ပထမဆုံးငှက်ဖျားကာကွယ်ဆေးရရှိနိုင်တော့မယ့် အာဖရိကကလေးငယ်များ

African-Children-Receive-Malaria-Vaccine.jpg

အာဖရိကနိုင်ငံသုံးနိုင်ငံက ကလေးဦးရေ (၃၆၀,၀၀၀) လောက်ဟာ အကြီးစား ကျန်းမာရေးစီမံကိန်းတစ်ခုရဲ့အစီအစဉ်နဲ့ ကမ္ဘာ့ပထမဆုံး ငှက်ဖျားကာကွယ်ဆေးတွေကို ရရှိနိုင်တော့မှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်လိုက်ပါတယ်။

မာလာဝီ (Malawi) နိုင်ငံမှာ အသက် (၂) နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေး စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်

မာလာဝီ (Malawi) နိုင်ငံမှာ အသက် (၂) နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေး စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်။ ကင်ညာနဲ့ ဂါနာနိုင်ငံတွေမှာတော့ ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး လာမယ့်ရက်သတ္တပတ်တွေမှာ ကာကွယ်ဆေးတွေကို စတင်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေဟာ ငှက်ဖျားရောဂါ (၁၀) မျိုးမှာ (၄) မျိုးနီးပါးကို ကာကွယ်ပေးနိုင်ကြောင်းကို လက်တွေ့စမ်းသပ်မှုတွေကနေ တွေ့ရှိခဲ့ရပါတယ်။ ဒီငှက်ဖျားရောဂါကာကွယ်ဆေးတွေဟာ ကလေးထောင်ပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ဖို့အလားအလာရှိနေတာပါ။ ငှက်ဖျားရောဂါဆိုတာ အနောဖလိခြင်အကိုက်ခံရခြင်းက ကူးစက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဒီရောဂါကို ကာကွယ်လို့လည်းရသလို ကုသလို့လည်းရပေမဲ့ နှစ်တိုင်းမှာ ခန့်မှန်းခြေ လူ (၄၃၅,၀၀၀) လောက် သေဆုံးနေရဆဲ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါဆိုတာ အနောဖလိခြင်အကိုက်ခံရခြင်းက ကူးစက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဒီရောဂါကို ကာကွယ်လို့လည်းရသလို ကုသလို့လည်းရ

အသက် (၅) နှစ်အောက်ကလေးငယ်တွေဟာ နှစ်မိနစ်တိုင်းမှာတစ်ယောက်နှုန်းနဲ့ ငှက်ဖျားရောဂါကြောင့် အသက်အန္တရာယ်ကြုံရနိုင်ချေရှိနေပါတယ်။ သေဆုံးမှုအများစုဟာ အာဖရိကနိုင်ငံတွေမှာဖြစ်ပြီး နှစ်စဉ်တိုင်း ငှက်ဖျားရောဂါကြောင့် ကလေးပေါင်း (၂၅၀,၀၀၀) ကျော်ထိ သေဆုံးနေရတာဖြစ်ပါတယ်။

ဒီငှက်ဖျားရောဂါကာကွယ်ဆေးဟာ အိမ်အနီးပတ်ဝန်းကျင်တွေကို ခြင်နဲ့ ပိုးလောက်လန်းနှိမ်နင်းဆေးတွေဖျန်းခြင်းနဲ့ ဆေးစိမ်ခြင်ထောင်တွေသုံးတာမျိုးတွေအပြင် နောက်ထပ်အသုံးပြုနိုင်မယ့် ငှက်ဖျားရောဂါထိန်းချုပ်ရေးပစ္စည်းတစ်ခုဖြစ်

ငှက်ဖျားကာကွယ်ဆေးကို လေးကြိမ်ထိုးပေးမှာဖြစ်ပြီး အသက် (၅) လကနေ (၉) လကြားမှာ သုံးကြိမ်နဲ့ အသက် (၉) လပြည့်မှာ လေးကြိမ်မြောက်ကာကွယ်ဆေးထိုးပေးမှာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ ဒီငှက်ဖျားရောဂါကာကွယ်ဆေးဟာ အိမ်အနီးပတ်ဝန်းကျင်တွေကို ခြင်နဲ့ ပိုးလောက်လန်းနှိမ်နင်းဆေးတွေဖျန်းခြင်းနဲ့ ဆေးစိမ်ခြင်ထောင်တွေသုံးတာမျိုးတွေအပြင် နောက်ထပ်အသုံးပြုနိုင်မယ့် ငှက်ဖျားရောဂါထိန်းချုပ်ရေးပစ္စည်းတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: www.edition.cnn.com ” World’s first malaria vaccine to go to 360,000 African children”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top