ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား (၁၅) ဦးဖမ်းဆီးခံရ

17-6-2021-yyl-22.jpg

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၅) ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ (၁၆) ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ အစ်ဆာရာမြန်မာဆီက သိရပါတယ်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၁၅) ဦးမှာ အမျိုးသား (၁၀) ဦးနဲ့ အမျိုးသမီး (၅) ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ကဖြစ်ပါတယ်။ အခုအချိန်က တရားဝင်လမ်းကြောင်းတွေ ပိတ်ထားတဲ့အချိန်ဖြစ်တဲ့အတွက် မြန်မာအလုပ်သမားတွေအနေနဲ့ ပွဲစားတွေရဲ့စကားကို အယုံမလွယ်သင့်ကြောင်း အစ်ဆာရာမြန်မာက သတိပေးလိုက်ပါတယ်။

ထိုင်းအစိုးရဘက်ကလည်း လက်ရှိအချိန်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူတွေကို တင်းတင်းကြပ်ကြပ်ဖမ်းဆီးအရေးယူနေတာတွေ ပြုလုပ်နေပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top