ကိုရီးယားရုပ်ရှင် ပရိသတ်တွေအတွက် Byscote Application

byscote1.jpg

ဒီတစ်ခေါက်မှာတော့ ရိုးရာလေး ပရိသတ်တွေကို ကိုရီးယားကားတွေ၊ ကိုရီးယားစီးရီးတွေ၊ ကိုရီးယား variety show တွေကို မြန်မာစာတန်းထိုးတွေနဲ့ လွယ်လွယ်ကူကူကြည့်လို့ရမယ့် application တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲ့ဒါကတော့ ပြည်တွင်း Developer တွေ ထုတ်လုပ်ထားတဲ့ ဘိုင်စကုတ် (Byscote) ဆိုတဲ့ Application ပါ။

ဘိုင်စကုတ် (Byscote) ကိုစသုံးမယ်ဆိုရင် ကိုယ့်ရဲ့ Facebook အကောင့်နဲ့ Log In ဝင်ပြီး အသုံးပြုရုံပါပဲ။ ပြီးရင်တော့ ရုပ်ရှင်၊ ဇာတ်လမ်းတို၊ ဖျော်ဖြေရေးဆိုပြီး သုံးမျိုးရှိတဲ့ထဲက ကိုယ်ကြိက်တာကို ဝင်ကြည့်လို့ရပါပြီ။ သူ့ရဲ့ Home Screen ကတော့ ရိုးရှင်းပြီး ဘယ်သူမဆို အလွယ်တကူ အသုံးပြုနိုင်မယ့် ပုံစံပါပဲ။ ပထမဆုံးရက်သုံးဆယ်ကို အခမဲ့ကြည့်ရှုနိုင်ပြီးတော့ ဆက်လက်ကြည့်ရှုချင်ရင် တစ်လကို ငွေတစ်ထောင်ကျပ်နဲ့ မန်ဘာဝင်ရမှာပါ။

အရှေ့တိုင်းရုပ်ရှင်တွေကို အဓိကကြည့်ရှုနိုင်ပြီး ကိုရီးယားရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ Running Man, Return of Superman တို့လို ဖျော်ဖြေရေးရှိုးတွေကို မြန်မာ စာတမ်းထိုး မှန်မှန်ကန်ကန်နဲ့ ကြည့်ရှုနိုင်မှာပါ။ အဓိက အားနည်းချက်ကတော့ အနောက်တိုင်းရုပ်ရှင်တွေ မပါဝင်တာ၊ ရွေးချယ်ကြည့်ရှုစရာ နည်းပါးနေသေးတာပါပဲ။ အခုမှ အသစ်ထွက်လာတဲ့ ဝန်ဆောင်မှုဖြစ်လို့လဲ ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ iOS version မထွက်ရှိသေးဘဲ iOS သမားတွေအတွက်ကတော့ browser တွေကနေ တဆင့်ကြည့်ရှုနိုင်ပါတယ်။

Android တွေအတွက်ကတော့ ဒီ Application ကို အောက်ပါ လင့်ကနေ download ဆွဲပြီး ရယူနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.moc.byscote&hl=en

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top