FullView က သာမန်မျက်နှာပြင်တွေနဲ့ ဘယ်လိုကွာခြားသလဲ

vivo_large.jpg

Vivo က ထုတ်ကုန်သစ်အဖြစ် V7+ ကို ထုတ်လုပ်လိုက်တဲ့အခါမှာ အဓိက Highlight အဖြစ် FullViewTM Display ပါဝင်လာတာ တွေ့ရပါတယ်။

အခြား brand တွေလည်း မျက်နှာပြင်အပြည့်နဲ့ ထုတ်လုပ်နေကြချိန်မှာ Vivo ကလည်း သူတို့နောက်ကျ မကျန်ခဲ့ဘူးဆိုတာကို ပြသလိုက်တာလို့ မြင်ပါတယ်။မြင်ကွင်းမျက်နှာပြင် ပိုပြီးကြီးမားကျယ်ပြန့်တဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြတာကို ကြိုဆိုစရာပါပဲ။  ဘာကြောင့်လဲဆိုတော့ စာရေးသူတို့လို စာဖတ်များတဲ့၊ အွန်လိုင်းသုံးရတဲ့သူတွေအတွက် မျက်နှာပြင်သေးတဲ့ စမတ်ဖုန်းတွေနဲ့ဆိုရင် သိပ်ပြီး အဆင်မပြေပါဘူး။ Tablet တွေသုံးဖို့ဆိုတာကလည်း သွားသွားလာလာကျတော့ သယ်ရပြုရတာ အနည်းငယ် ဝန်ကျယ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းကိုပဲ သုံးတာများပါတယ်။

Vivo က V7+ ကို FullView အဖြစ် ထုတ်လုပ်လိုက်တော့ မီဒီယာတွေမှာလည်း အတော်လေးကို ရေးသား ဖော်ပြပေးခဲ့ကြတာ တွေ့ရပါတယ်။ ကိုယ်တိုင် စမ်းပြီးသုံးကြည့်တော့ FullView ရဲ့ အရသာကို နှစ်သက်သွားတာမို့ ဒီလိုမြင်ကွင်းအကြောင်းကို စာလည်း ရေးခဲ့ဖူးပါတယ်။ ဒီတော့ မိတ်ဆွေအချို့က FullView နဲ့ Ordinary ဘာကွာလဲလို့ မေးလာကြသလို၊ အခြားစာဖတ်သူတွေကလည်း မေးလာကြပါတယ်။ ဒီအတွက် သာမန်မျက်နှာပြင်နဲ့ FullView မျက်နှာပြင်ကြား ကွာခြားမှုကို ထပ်ပြီးပြောဖို့ ဖြစ်လာပါတယ်။

သာမန်မျက်နှာပြင်မှာ မြင်ရတဲ့ မြင်ကွင်းက (16:9) ပါ။ FullView မှာ မြင်ရတဲ့ မြင်ကွင်းကတော့ (18:9) ဖြစ်သွားပါတယ်။ မြင်သာအောင် ပြောရရင်တော့ ဘေးဘက်တွေက ပိုကျယ်သွားတာပါ။ မြင်ကွင်းပိုကျယ်သွားတဲ့အတွက် အပြင်မှာ မြင်ရတာနဲ့ ပိုပြီးနီးစပ်သွားတဲ့ ခံစားချက်ကို ခံစားရပါတယ်။ ဥပမာအားဖြင့် Webpage တစ်ခုမှာ စာဖတ်တယ်ဆိုကြပါစို့။ သာမန်မျက်နှာပြင်မှာ မြင်တွေ့ရတဲ့ စာကြောင်းရေထက် FullView မှာက ပိုပြီး မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ FullView က သာမန်ထက် 12.5 ရာခိုင်နှုန်း ပိုပြီး ကျယ်ပြန့်သွားလို့ပါပဲ။ V7+ ရဲ့ မျက်နှာပြင်ဧရိယာကို သေချာတိုင်းကြည့်မယ်ဆိုရင် 5.99 လက်မ ရှိတာကို တွေ့ရပါလိမ့်မယ်။ ဒီအတိုင်းအတာက စမတ်ဖုန်းတစ်ခုအနေနဲ့ စာဖတ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ ဂိမ်းကစားဖို့ အတော်လေးကို အဆင်ပြေ ကောင်းမွန် သွားတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်တာတို့၊ ရုပ်ရှင်ကြည့်တာတို့မှာလည်း သာမန် မျက်နှာပြင်မှာ မမြင်ရတဲ့ မြင်ကွင်းဧရိယာက အစိတ်အပိုင်းအချို့ကို FullView မှာ မြင်တွေ့လာရပါတယ်။ လက်ထဲမှာ V5s ကိုင်ထားရသလိုဆိုပေမယ့် မြင်ရတဲ့ မြင်ကွင်းကတော့ သိသိသာသာကို ကွာခြားပြီး ပိုမြင်တွေ့ရပါတယ်။နောက်တစ်ချက် ကွာခြားတာက V7+ ရဲ့ FullView မှာ navigation keys တွေကို ဖျောက်ထားလို့ရတာပါပဲ။ ဒါတွေကို ဖျောက်ထားလိုက်ရင် navigation bar တစ်ခုလုံးစာအတွက် နေရာလည်း ပိုကျယ်သွားသလို အမြင်အားဖြင့်လည်း ပိုဆန်းသွားပါတယ်။ သုံးကာစကတော့ navigation keys တွေပျောက်နေတဲ့အတွက် နည်းနည်းစိမ်းနေပေမယ့် တစ်ရက်နှစ်ရက်လောက်ကြာတော့ အဆင်ပြေသွားတာပါပဲ။ Navigation keys တွေကို ဖျောက်ပြီး သုံးရတာကို ပိုပြီး အရသာတွေ့သွားပါတယ်။

ဒါကတော့ သာမန် မျက်နှာပြင်နဲ့ FullView ရဲ့ ကွာခြားချက်ပါ။ ကိုယ်ထည်ပမာဏချင်းတူတယ်၊ ဒါပေမယ့် မြင်ကွင်းဧရိယာ ပိုကျယ်တယ်။ ပိုမြင်ရတယ်။ ဒါ FullView ရဲ့ အားသာချက်ပါပဲ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top