ဇနီးနဲ့ပတ်သက်ပြီး ခင်ပွန်းသည်တွေ ကိုယ့်ကိုယ်ကိုယ် မုန်းလေ့ရှိတဲ့အကြောင်းရာ ၁၀ ခု

01052018-06.jpg

“မုန်းတယ်”ဆိုတာ စကားလုံးအပြင်းစားပါ။ဒါပေမဲ့ သင့်ခင်ပွန်းက သင့်ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ လုံလုံလောက်လောက်ဖော်ကျူးလိုက်ရင် ဒီစကားလုံးလည်း အားပျော့သွားတာပါပဲ။ နည်းနည်းများနားရှုပ်သွားလား။ ပိုပြီးနားလည်အောင်ပြောပြမယ်နော်

ခင်ပွန်းသည်တိုင်းက ထုတ်ဖော်ပြောခြင်းမရှိပေမယ့် သူတို့လုံးဝမုန်းတဲ့ အရာ ၁၀ ခုရှိပါတယ်။ဘယ်အချက်တွေလဲကြည့်ကြရအောင်။

၁။ သင်နာကျင်ခံစားရတဲ့အခါမုန်းတယ်

သင်နာကျင်ခံစားရတဲ့အခါသင့်ကိုမကြည့်ရက်တဲ့သင့်ခင်ပွန်းကပိုပြီးတော့တောင်ခံစားရပါတယ်။ဖြစ်နိုင်ရင်နေရာချင်းလဲပြီးသင့်ကိုယ်စားခံစားပေးချင်သူပါ။သင်ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေအားလုံးဖြတ်ကျော်နိုင်ဖို့ကူညီပေးတာကသူတတ်နိုင်တာအားလုံးပါ။ဒါကြောင့်ဘယ်ပြသနာမဆိုတစ်ယောက်တည်းကြိတ်ပြီးရင်ဆိုင်မဖြေရှင်းပါနဲ့။သင့်ခင်ပွန်းကိုကူညီခွင့်ပေးလိုက်ပါ။

၂။ သင်ငိုနေတာမြင်ရရင်မုန်းတယ်

ဇနီးသည်ငိုနေတာမြင်ရတာကခင်ပွန်းသည်အတွက်စိတ်အထိခ်ိုက်ရဆုံးပါ။သူအိပ်နေပြီထင်ပြီးရေချိုးခန်းထဲမှာသင်တရှုံ့ရှုံ့ငိုနေချိန်မှာသူကကြားပေမယ့်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။သင်ရင်ဆိုင်နေရတဲ့အကြောင်းအရာတွေပြောပြသမျှနားထောင်ပေးချင်ပေးမယ့် သင့်ကိုဘယ်လိုမေးရမလဲသူမသိပါဘူး။သင့်ဝန်တွေပေါ့သွားအောင်ကူညီဖို့သူ့ကိုလည်းသိခွင့်ပေးလိုက်ပါ။ကောင်းအတူဆိုးအတူရင်ဆိုင်ပါ။ဘယ်တော့မှတယောက်တည်းမဖြေရှင်းပါနဲ့။

၃။ သင်နဲ့ဝေးနေရတဲ့အခါမုန်းတယ်

အပြင်မှာသင်တစ်ယောက်တည်းသွားလာနေတဲ့အခါသင့်ခင်ပွန်းက သင့်ကိုအရမ်းလွမ်းနေတာပါ။ဝန်မခံရင်သာနေရမယ်ဒါကတကယ်ပါ။သင့်တို့ ၂ ယောက်ထဲက တယာက်ယောက်က ခရီးသွားရတော့မယ်ဆိုရင် သူသွားလည်းသင့်ကိုလွမ်းနေမှာဖြစ်သလို သင်သွားရမယ်ဆိုလည်း သူကအိမ်ကနေလွမ်းနေမှာပါ။ဒါကြောင့် တနေ့တနေ့ သူအကြိုက်ဆုံးအလုပ်က မိန်းမရှိရာအိမ်လေးဆီပြန်လာရတာကိုပါ။

၄။ သင့်ကိုယ်သင်မယုံကြည်တဲ့အခါမုန်းတယ်

သင့်ကိုအရာရာပြီးပြည့်စုံနေတဲ့လူလို့ထင်ပြီးသင့်ခင်ပွန်းကလက်ထပ်ခဲ့တာမဟုတ်ပါဘူး။သင့်မှာရှိတဲ့ပင်ကိုယ်အရည်အသွေးကိုမြင်နိုင်လို့သင်နဲ့အတူရှိနေပေးတာပါ။ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေသင်ပျောက်ဆုံးနေချိန်မှာသူကတော့သင့်ရဲ့အစွမ်းအစတွေကိုပဲရှာဖွေပေးချင်သူပါ။သင်ဘယ်လောက်တော်လဲသူကအသိဆုံးဖြစ်သလို သင့်က်ိုယ်သင်ယုံကြည်မှုတွေပျောက်ဆုံးနေတာကိုမြင်ရတာက သူ့နှလုံးသားတွေပဲ့ကြွေချိန်ပါ။

၅။ တစ်ယောက်ယောက်ကသင့်ကိုမထီမဲ့မြင်ဆက်ဆံရင်လည်းမုန်းတယ်

ခင်ပွန်းသည်ဆိုတာဇနီးသည်ကိုအကာကွယ်ပေးနိုင်ဆုံးသူပါ။တစ်ယောက်ယောက်က များသင့်ကိုအသားယူတာ ဒါမှမဟုတ် မထီမဲ့မြင်ဆက်ဆံတာမြင်ရင် ချက်ချင်းသွေးဆူလာသူပါ။တခါတလေ ကာယကံရှင်ထက်တောင်ပိုပြီး ဒေါသထွက်ပေးသူပါ။ဒီလိုဆိုရင် တော့ သူကသင့်ကိုချစ်တဲ့အတွက် သူ့ဘဝအတွက် အရေးအကြီးဆုံးသင့်ကို တခြားလူကမရိုမသေဆက်ဆံတာမကြိုက်ဘူးဆိုတာ နားလည်သဘောပေါက်လိုက်ပါတော့။

၆။ သူပျော်စေဖို့သင်ပြောင်းလဲပေးရမယ်လို့ခံစားနေရမှာမုန်းတယ်

စံပြမိန်းမကောင်းဆိုတာ ဘယ်လိုမျိုးဆိုပြီး တခါတလေလူ့အဖွဲ့အစည်းက အတွေးအခေါ်အမှားတွေနဲ့သွတ်သွင်းထား တတ်ပါတယ်။ တကယ်တော့ သင်သာယောက်ျားရွေးမှန်ခဲ့တယ်ဆိုရင် ဒီလိုအပြိုင်အဆိုင်တွေကို လိုက်တုပြီးနေဖို့သင့်ကိုမျှော်လင့်မှာ မဟုတ်ပါဘူး။ သင့်ရဲ့နဂိုတည်ရှိမှုလေးကိုပဲ သူကမြတ်နိုးတာပါ။ သူကြိုက်မယ့်ထင်တာတွေ စဉ်းစားပြီး သင်တခြားလူအဖြစ်ပြောင်းလဲသွားမှာ သူကမလိုလားပါဘူး။

၇။ သင်ကျရှုံးတာမြင်ရရင်မုန်းတယ်

သင့်ခင်ပွန်းက သင့်ကိုအောင်မြင်စေချင်ပြီး သင်မျှော်မှန်းထား တာတွေဖြစ်မလာရင် သူကမုန်းပါတယ်။ သင်ဝါသနာပါရာအလုပ်အတွက်အချိန်တွေဘယ်လောက်ရင်းပြီးအားစိုက်မှုတွေဘယ်လိုထုတ်ခဲ့လဲဆိုတာတခြားလူတွေထက်သူကပိုသိပါတယ်။သင်ယယ်လောက် ကြိုးစားတယ် ဆိုတာသူအသိဆုံးပါ။

၈။ သင့်ကိုယ်သင်မလှဘူးလို့ထင်တဲ့အခါသူမုန်းတယ်

ယောက်ျားတွေနားမလည်နိုင်လောက်အောင် မိန်းမတွေရဲ့ ခန္ဓာကိုယ်က အချိန်နဲ့အမျှပြောင်းလဲနေတာပါ။ကလေးဘဝဓာတ်ပုံတွေကိုကြည့်ရင်အသိသာဆုံးပါ။ယုံချင်ယုံ ၊ မယုံချင်နေသင့်ခင်ပွန်းကသင့်ကိုခန္ဓာကိုယ်အတွက်လက်ထပ်တာမဟုတ်ဘဲ သင့်ရဲ့ဟာသဥာဏ်၊သင့်နှလုံးသားနှင့်သူ့ခံစားချက်ကိုက်ညီလို့သင့်ကိုလက်ထပ်ခဲ့တာပါ။တခြားမိန်းကလေးတွေနဲ့နှိုင်းယှဉ်ပြီး သင်စိတ်ဓာတ်ကျနေမှာသူကမုန်းပါတယ်။

၉။ သင်အသည်းကွဲအောင်လုပ်မိတဲ့အခါမုန်းပါတယ်

ဒီမှာမေးစရာတစ်ခုရှိတာက သူမုန်းတဲ့အရာကိုသူဘာလို့လုပ်လဲပေါ့။များသောအားဖြင့် ယောက်ျားလေးတွေကမပြောခင်အရင်မစဉ်းစားကြပါဘူး။ထူပူနေတဲ့အချိန်ပြောလိုက်မိတဲ့စကားတွေကိုနောက်မှနောင်တရနေတတ်သူပါ။သူ့ရဲ့နှလုံးသားကသင့်ဆီမှာလို့ ယုံကြည်ထားလို့သင်ဘယ်လောက်ခံနိုင်ရည်ရှိလဲစမ်းသပ်တာပါ။

၁၀။ သင်မပျော်ရွှင်တဲ့အခါမုန်းပါတယ်

အပေါ်ကပြောခဲ့တဲ့ အချက်တွေ အားလုံးကိုခြုံပြီးတစ်ခုထဲပြောပြ ရရင်တော့ သင့်ခင်ပွန်း  အ  မုန်းဆုံးက သင်မပျော်ရွှင်မှာကိုပါ။ သူ့ရဲ့ပျော်ရွှင်မှု ရင်းမြစ်ဖြစ်တဲ့ သင်ပျော်နေမှ သူလည်း တူတူပျော်တာပါ။သူသင့်ကိုမုန်းသမျှအရာအားလုံးကလည်းသင့်ကိုအရမ်းချစ်လို့ဖြစ်တာမို့နားလည်ပေးလိုက်ပါ။

Ref : https://defaultview.com/10-things-every-husband-secretly-hates-wife/

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top