iPhone 7 ကနေစလို့ အားသွင်းပေါက်၊ နားကြပ်ပေါက် ပါတော့မည် မဟုတ်

https___blogs-images.forbes.com_jvchamary_files_2016_09_lightningheadphones-1200x800.jpg

လာမယ့် iPhone 7 ကနေစလို့ အိုင်ဖုန်းတွေမှာ အားသွင်းရန် အပေါက်၊ နားကြပ်ပေါက်တို့ ပါဝင်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ အင်မတန်ပါးအောင်ပြုလုပ်မှာ ဖြစ်ပြီး နားကြပ်ပေါက်တောင် မပါတော့လောက်အောင် ပါးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မဖြစ်မနေ အရင်က earphone တွေကိုမှ သုံးချင်ပါတယ်ဆိုတဲ့ သူတွေအတွက်လည်း Converter plugin များ ထုတ်လုပ်ပေးအုံးမှာ ဖြစ်ပါတယ်။ Apple ဟာ ယင်းအတွက် အခြားသော ကုမ္ဗဏီများဆီကနေ နည်းပညာ ဝယ်ခြင်း အကျိုးတူ ပူးပေါင်းခြင်းများ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အားသွင်းပေါက် မပါတဲ့အတွက် ကြိုးမဲ့ အားသွင်း စနစ်ကို အသုံးပြုမှာ ဖြစ်ပြီး ယခင် အိုင်ဖုန်းများထက်လည်း အားသွင်းတာ မြန်ဆန်မှာ ဖြစ်ပါတယ်။

ကြိုးမလိုတဲ့ ကြိုးမဲ့ နားကြပ်များလည်း ပါဝင်လာမှာ ဖြစ်တဲ့ အိုင်ဖုန်း အသစ်များဟာ ယခင် အိုင်ဖုန်းများထက် သိသိသာသာ ဒီဇိုင်းပြောင်းလဲသွားဖွယ် ရှိကြောင်း ခန့်မှန်းထားကြ ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top