ကျန်းမာရေး ကောင်း၊ မကောင်းသိနိုင်တဲ့ အချက် (၄) ချက်

69397465.cms_.png

“ဘယ်လောက်ကြာကြာ အသက်ရှင်မလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေကို လူတိုင်းသိချင်မိမှာပါ။ ဒါပေမဲ့ ဘယ်သူမှ ဒီမေးခွန်းရဲ့ အဖြေကို မသိကြပါဘူး။ တစ်နေ့တာ လှုပ်ရှားမှုတချို့ကို လုပ်ဆောင်နိုင်ရင် အဲဒါက ကျန်းမာရေးညီညွှတ်တဲ့ဘဝလို့ သုတေသီတွေက ဆိုပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက် (၄) ချက်ကို သင် စွမ်းဆောင်နိုင်ရင် သင် ကျန်းမာရေးကောင်းတယ်လို့ ပြောလို့ရပါတယ်နော်..။

ခြေထောက်တစ်ဖက်တည်းနဲ့ ဟန်ချက်ညီအောင်ထိန်းတာ

ခြေထောက်တစ်ဖက်တည်းနဲ့ သင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းနိုင်ရင်တော့ သင်က ကျန်းမာရေးကောင်းတဲ့သူလို့ ပြောလို့ရပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို စက္ကန့် (၆၀) လောက် ဟန်ချက်ညီအောင် ထိန်းထားနိုင်ရမှာပါ။ စက္ကန့် (၂၀) လောက်မှာ ဟန်ချက်ညီအောင် ထိန်းမထားနိုင်ဘဲ ခြေထောက်အောက်ချမိရင် ဦးနှောက်နဲ့ဆက်စပ်တဲ့ပြဿနာတွေ ကြီးထွားလာနိုင်ခြေရှိနေပါတယ်။

ထိုင်ခုံပေါ်ထိုင်လိုက်၊ထလိုက်လုပ်တာ

ထိုင်ခုံပေါ် ထိုင်လိုက်ပြီး အဲဒီနောက် မတ်တပ်ရပ်လိုက်ပါ။ အဲဒါကို (၁၀) ကြိမ်လောက် ထပ်ခါထပ်ခါပြုလုပ်လိုက်ပြီး အဲဒါ ပြီးမြောက်ဖို့ သင် အချိန်ဘယ်လောက်ယူရလဲဆိုတာကို ကြည့်လိုက်ပါ။ United Kingdom မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုက ထိုင်ခုံပေါ် ထိုင်လိုက်၊ ထလိုက်လုပ်တာကို (၂၁) စက္ကန့်လောက် လုပ်နိုင်တဲ့ သူတွေက အချိန်အကြာကြီးယူပြီးလုပ်ရတဲ့သူတွေထက် အသက်ရှည်ရှည်နေနိုင်မှုနှုန်းမြင့်တယ်လို့ ဆိုထားပါတယ်။

ခြေချောင်းတွေကို ထိတာ

ကြမ်းပြင်ပေါ်ထိုင်လိုက်ပြီး ခြေထောက်တွေကို ရှေ့ကိုထုတ်လိုက်ပါ။ အဲဒီနောက် လက်နဲ့ ခြေချောင်းတွေကို ထိအောင်ကြိုးစားကြည့်လိုက်ပါ။ ဒူးမကွေးဘဲနဲ့ လက်နဲ့ ခြေချောင်းတွေကို ထိအောင် မလုပ်နိုင်ဘူးဆိုရင် နှလုံးသွေးကြောပြဿနာတွေ ဖြစ်နိုင်ခြေရှိပါတယ်။ University of North Texas က သုတေသီတွေက ပျော့ပျော့ပျောင်းပျောင်းရှိတဲ့ ခန္ဓာကိုယ်က သွေးကြောတွေလည်း တင်းမာမှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။ သင့် သွေးကြောတွေက လူနေမှုဘဝအလေ့အထတွေကြောင့် တင်းမာနေတဲ့အခါ သင့်နှလုံးက သွေးတွေကို ခက်ခက်ခဲခဲ တွန်းပေးနေရပါတယ်။ အဲဒီကြောင့်ပဲ နှလုံးရောဂါဖြစ်ပွားရတာဖြစ်ပါတယ်။

လှေကားထစ်တွေကို မြန်မြန်တက်နိုင်တာ

သင်က လှေကား လေးချိုး ကို မရပ်မနားဘဲ တက်နိုင်ရင် အချိန်အကြာကြီး အသက်ရှင်နိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးကောင်းတဲ့သူတွေက မရပ်မနားဘဲနဲ့ လှေကား လေးချိုးကို တစ်မိနစ်အတွင်း တက်နိုင်ရမှာဖြစ်ပါတယ်။ ခက်ခက်ခဲခဲနဲ့ တက်နေရတဲ့ သူတွေက နှလုံးပြဿနာတွေ၊ ကင်ဆာရောဂါတွေနဲ့ သေဆုံးနိုင်ခြေ မြင့်မားတယ်လို့ သိရပါတယ်။

Ref: TOI “4 tests that can reveal how healthy you are!”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top