သွားပွတ်တံနဲ့ သွားတွေကို အကြမ်းပတမ်းတိုက်မိနေတဲ့ လက္ခဏာရပ်များ

17-7-2021-yyl-05.jpg

တချို့လူတွေက သူတို့ရဲ့သွားတွေကနေ သွားချေးတွေကို ဖယ်ရှားပစ်ဖို့အတွက် သွားတွေကို သွားပွတ်တံကို အရမ်းကြီးတိုက်ပစ်ဖို့လိုတယ်လို့ ထင်ကြတာပါ။ သွားချေးတွေကို ဖယ်ရှားပစ်ဖို့အတွက် သွားတွေကို အရမ်းကြီးတိုက်ပစ်ဖို့မလိုပါဘူး။ သွားချေးတွေက အရမ်းနူးညံ့တဲ့အတွက် အဝတ်အပိုင်းအစလေးနဲ့ ဖယ်ပစ်လို့ရပါတယ်။ သွားပွတ်တံကို အသုံးပြုရတဲ့ရည်ရွယ်ချက်က သွားကြိုးသွားကြားမှာရှိတာတွေကို ဖယ်ရှားပစ်ဖို့အတွက်ပါ။ သင်ဟာ သွားတွေကို သွားပွတ်တံနဲ့ ကြမ်းကြမ်းတမ်းတမ်းတိုက်မိနေတယ်ဆိုတဲ့ လက္ခဏာရပ်တွေကို မျှဝေပေးလိုက်ရပါတယ်။

သွားဖုံးတွေက နောက်ဘက်ကို ဆုတ်ယုတ်လာတယ်

သွားတစ်ခုစီတိုင်းကို အပေါ်ယံကြွေသားတွေနဲ့ ကာကွယ်ထားတာပါ။ အပေါ်ယံကြွေသားတွေကို ပြင်းပြင်းထန်ထန်ထိခိုက်အောင်လုပ်မိခြင်းမှ ရှောင်ရမှာဖြစ်ပါတယ်။ အပေါ်ယံကြွေသားထိခိုက်တာနဲ့ သွားဖုံးတွေကလည်း သွားရဲ့အမြှစ်တွေပေါ်လာတဲ့အထိ နောက်ဘက်ကို ဆုတ်ယုတ်သွားမှာဖြစ်ပါတယ်။ သင့်သွားတွေက အဲဒီလိုဖြစ်နေပြီဆိုရင် သင်ဟာ သွားပွတ်တံနဲ့ သွားတွေကို ကြမ်းကြမ်းတမ်းတမ်းတိုက်မိတယ်ဆိုတဲ့ လက္ခဏာကို ညွှန်ပြနေတာဖြစ်ပါတယ်။ သွားဆရာဝန်တွေရဲ့ပြောစကားအရ ကမ္ဘာ့တစ်ဝှမ်းမှာ လူဉီးရေ ၂၀ ရာခိုင်နှုန်းလောက်က သွားအတိုက်လွန်ခြင်းကြောင့် သွားဖုံးတွေပျက်စီးရတယ်လို့ သိရပါတယ်။

သွားတွေက အထိမခံနိုင်ဖြစ်နေတယ်

သွားပွတ်တံနဲ့ အပေါ်ယံကြွေသားတွေကို အရမ်းကြီးပွတ်မိတဲ့အခါ သွားတွေက အထိခိုက်မခံနိုင်ဖြစ်လာနိုင်ပါတယ်။ သွားရဲ့အမြှစ်တွေကို မကာကွယ်နိုင်တော့တဲ့အတွက် သူတို့ရဲ့အကြောတွေကိုသွားထိမိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရေခဲရေသောက်ရင် သွားကျဉ်တာ၊ တစ်ခုခုဝါးစားရင် နာတာတွေဖြစ်နေတယ်ဆိုရင် သွားဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

သွားပွတ်တံရဲ့အမွေးတွေက ကျွတ်ထွက်နေတယ်

သွားပွတ်တံရဲ့အမွေးတွေ ကျွတ်ထွက်နေတယ်ဆိုရင် သွားတွေကို နည်းလမ်းမှားစွာ တိုက်နေတယ်လို့ ဆိုလိုတာပါ။ သွားတွေကို ကြမ်းကြမ်းတမ်းတမ်းတိုက်တဲ့အတွက် သွားပွတ်တံအကြမ်းနဲ့ တိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါက သွားတွေကို ပျက်စီးစေပါတယ်။ သွားတွေကို သွားပွတ်တံနဲ့ အကြမ်းပတမ်းမတိုက်သင့်တာအပြင် သွားပွတ်တံကို (၃) လ တစ်ခါ အသစ်လဲလှယ်ပေးသင့်ပါတယ်။

သွားဖုံးနားကသွားတွေ အရမ်းမဲညစ်လာတယ်

သွားဖုံးအောက်က သွားတွေ အတော်လေး မဲနက်လာတဲ့ အကြောင်းအရင်းက အပေါ်ယံကြွေသားတွေနဲ့ မကာကွယ်ထားလို့ပါပဲ။ သွားတွေကို သေချာမတိုက်ဘဲ ကြမ်းကြမ်းတမ်းတမ်းတိုက်ရင် သွားတွေက အဝါရောင်သမ်းလာတာ၊ မဲညစ်လာတာတွေဖြစ်လာနိုင်ပါတယ်။ အပေါ်ယံကြွေသားက သွားတွေကို မကာကွယ်နိုင်ရင် ရောဂါပိုးမွှားတွေနဲ့ ထိတွေ့မိနိုင်ပါတယ်။ ဒါကြောင့် သွားတွေကို စနစ်တကျတိုက်ပေးသင့်ပါတယ်။

Ref: 4 Signs You’re Brushing Your Teeth Too Hard
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top