ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ဘိုင်ဒင်း ဗုဒ္ဓဘုရားကျောင်း

temple.jpg

ဘိုင်းဒင်းလို့ အမည်တွင်တဲ့ ဗုဒ္ဓ ဘုရားကျောင်းဟာ ဗီယက်နမ် နိုင်ငံ၏ Ba Rau တောင်ပေါ်မှာ တည်ရှိပြီး အကြီးမားဆုံးသော ဘုရားကျောင်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် စတင် ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။

တောင်ပေါ် ဘုရားကျောင်းသို့ တက်ရာ လမ်းတစ်လျောက်တွင် ကျောက်တုံးပေါ်တွင် ထုဆစ်ထားသော တရုတ် ဘုန်းတော်ကြီး အပါး ၅၀၀ ရဲ့ရုပ်တုကို တွေ့မြင်နိုင် မှာဖြစ်ပြီး နံရံများတွင် ဗုဒ္ဓ ရုပ်ပွားတော် ရုပ်တု ၅,၀၀၀ ကို ပြုလုပ် ထားပါတယ်။ ဘုရားကျောင်းဟာ တရုတ် ဗိသုကာ ပညာရှင်တွေ ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ခုကတော့ ဘုရားကျောင်းသို့ တက်ရာလမ်း တစ်လျောက်တွင် ရှေးဟောင်း တရုတ် ဘုန်းကြီးများ၏ ဒူး၊ တတောင်း၊ လက် စတဲ့ နေရာတွေဟာ အဖြူရောင်မှာ အမဲရောင် ဖြစ်နေပါတယ်။ အဆို အရတော့ ထိုနေရာတွေကို ကိုင်ခြင်းဖြင့် လာဘ်ကောင်းတယ်လို့ ပြောပါတယ်။

ဘုရားကျောင်းကြီးဟာ ဟလောင်းမြစ် အနီးနားတွင် ရှိပြီးတော့ အလွန်မတန်မှ သာယာလှသော ရူခင်းများကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဘုရားကျောင်းများ တည်ရှိရာ တောင်ပေါ်တွင်လည်း ရေကန်ကြီး တစ်ခုကို တည်ဆောက်ထားပါတယ်။ ထို ဘုရားကျောင်းဟာ တောင်ပေါ်မှာ တည်ရှိတာ ဖြစ်ပြီးတော့ ကားနဲ့ တစ်ဆင့်၊ လမ်းလျောက်၍ တစ်ဆင့် တက်ကြရပါတယ်။


ယခုတင်သော ပုံတွေလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ နံရံ ဆေးပန်းချီများ၊ ရှေးဟောင်း ရုပ်တု ပုံသဏ္ဍန်များကိုလည်း စာဖတ်သူ အနေဖြင့် သွားရောက်တဲ့ အခါမှာ တွေ့မြင်ရပါလိမ့်မယ်။ ဗီယက်နမ် နိုင်ငံ၏ အကြီးဆုံး ဘိုင်ဒင်း ဗုဒ္ဓ ဘုရားကျောင်းဟာ တကယ်ကိုမှ သွားရောက်ပြီး သင့်တဲ့နေရာလေး တစ်ခုဖြစ်လို့ တင်ပြလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top