ပြိုင်ပွဲဝင်များ အားရပါးရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ Malaysia National Sale 2016 ရဲ့ Shop Hunting ပြိုင်ပွဲ

malaysia.gif

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ 2016 အထူးခရီးသွားပွဲတော်အဖြစ် Malaysia National Sale 2016 ကို မတ်လတစ်လလုံး ကျင်းပသွားမှာ ဖြစ်ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစား အသုံးအဆောင်များကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တာကြောင့် ဈေးဝယ်သူများ အကြိုက်ဖြစ်စေမယ့် ပွဲတော်ပဲဖြစ်ပါတယ်။

ထိုပွဲရဲ့ အမှတ်တရအနေနဲ့ အာရှနိုင်ငံများစွာမှ မီဒီယာများ ခရီးသွားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး Shop Hunting ဆိုတဲ့ ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ၅ ဦးစီပါဝင်တဲ့ အဖွဲ့ ၂၀ ကျော်္ပြိုင်ကြတဲ့ ဒီပြိုင်ပွဲမှာ ပထမဆု ရင်းဂစ် ၅၀၀၀ ဒုတိယဆု ရင်းဂစ် ၃၀၀၀ ချီးမြှင့်ပြီး ကျန်အဖွဲ့များကိုလည်း မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။ ကွာလာလမ်ပူမှာ ရှိကြတဲ့ Sungai Wang Plaza, Starhill Gallery, SURIA KLCC, PAVILION, Fahrenheit 88, Berjaya Times Square စတဲ့ ဈေးဝယ်စင်တာများနဲ့ ထင်ရှားတဲ့နေရာများမှာ ပဟေဠိဝှက်ထားတဲ့နေရာများကို ရှာပြီး အဖွဲ့လိုက် ဓါတ်ပုံရိုက်ကာ ‘Miss Shophia’ https://m.facebook.com/missshophia/ ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ကြရတာဖြစ်ပါတယ်။

စာရေးသူလည်း ပါဝင်ခဲ့ပြီး အဆင့် ၁၆ ရရှိခဲ့ပါတယ်။ မနက် ၁၀ နာရီမှ နေ့လည် ၃ နာရီထိ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများကို ဧည့်ခံကျွေးမွေးမှုများစွာနဲ့ စည်ကားခဲ့တဲ့ ကွာလာလမ်ပူမှ ဈေးရောင်း ပွဲတော်ဖွင့်ပွဲ ္အကြောင်းကို သတင်းမျှဝေလိုက်ပါတယ်။

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top