ငွေ (၂) သောင်းလောက်နဲ့ အပန်းဖြေခရီးတစ်ခုထွက်ကြမယ်

38660596_1663964543714864_5629521176553324544_n.jpg

ပိတ်ရက်အရှည်ကြီးမရှိလို့ ရေကြီးနေလို့ဆိုပြီးခရီးမထွက်ရလို့ ခုလုခုလုဖြစ်နေတယ်ဆိုရင် လှိုင်သာယာအကျော် (၂၂) မိုင် ညောင်တုန်း၊ မဲဇလီရွာနားက စိမ်းလဲ့မြေ Greenland Resort ကို Day Return ဖြစ်ဖြစ် ညအိပ်ခရီးဖြစ်ဖြစ်သွားလို့ရတယ်နော်။ ပင်လယ်အတုလိုဖန်တီးထားတာမို့ ကမ်းစပ်မှာ အုန်းပင်အစီအရီနဲ့ အုန်းစိမ်းရည်လေးသောက်လို့ရပါတယ်။

ဘယ်လိုသွားရမလဲ

ကိုယ်ပိုင်ကားနဲ့ပဲသွားသွား၊ သူငယ်ချင်းတွေစုပြီးပဲ ကားငှားသွားသွား အဆင်ပြေပါတယ်။ ဒါမှမဟုတ် လူလည်းနည်း ဘတ်ဂျက်လည်းချွေတာချင်တယ်ဆိုရင် ဒဂုံဧရာအဝေးပြေးကနေ ဟသာင်္တ၊ ပုသိမ်ကားတွေစီးပြီး အဲဒီရှေ့မှာဆင်းလို့ရတယ်။ အပြန်ကိုလည်း ဧရာဝတီတိုင်းဘက်ကပြန်လာတဲ့ အဝေးပြေးကားတွေတားစီး (၁၀၀၀) ကျပ်ပဲပေးရပါတယ်။ အဝေးပြေးကျမှ ကားငှားတော့ ပိုပေါတာပေါ့နော်။ (လှိုင်သာယာကျော်တာနဲ့ ထန်းတပင်က စန္ဒယော်၊ ပြီးရင် ရှမ်းရွှေဥကျော်မှ စိမ်းလဲ့မြေကိုရောက်မှာဖြစ်ပါတယ်)

ဝင်ကြေး

 

လူကြီး (၆၀၀၀) ကျပ်၊ ကလေး (၄၀၀၀) ကျပ် (မနက် ၈ နာရီ မှ ညနေ ၆နာရီ)၊ ကော်ဘောကွင်း free၊ ရေချိူးခန်း ၊ အိမ်သာ အသုံးပြုခွင့်ရပါတယ်။ နာရီပိုင်းအခန်းယူယူ၊ နေ့တစ်ဝက်ယူယူ ဝင်ကြေးထပ်ပေးရမှာပါ။ ညအိပ်ဖို့အတွက်ငှားမယ်ဆိုရင်တော့ ဝင်ကြေး (၂) ယောက်စာထပ်ပေးဖို့မလိုပါဘူး။

ဘန်ဂလိုတွေကကျယ်ပါတယ်။ ဒါပေမဲ့ (၁၂) လုံးထဲဆိုတော့ ဧည့်သည်ပြည့်တာမြန်တာမို့ ကြိုတင်စရံချ booking ယူထားမှ အဆင်ပြေမှာပါ။ အခုကတော့ အဆောင်တွေထပ်ဆောက်ထားသလို အနောက်ဘက်မှာလည်း River View ထပ်ဆောက်ထားတာမို့ အဆင်ပြေမှာပါ။ (ဘန်ဂလိုငှားရမ်းခကို ပုံမှာကြည့်ပါ) ဘန်ဂလို မရတော့ဘူးဆိုရင်တော့ မြက်ခင်းပြင်ထိုင်ဖို့ ဖျာတို့ tent တို့ ငှားရပါမယ်။ (ငှားရမ်းခကို ပုံမှာကြည့်ပေးပါ)

ဘာတွေလုပ်လို့ရမလဲ

ဓာတ်ပုံဝါသနာရှင်တွေအတွက် ဓာတ်အဝဖမ်း၊ အဆော့ဝါသနာရှင်တွေအတွက် ရေအဝကူး (WaterBoom လို ဆော့စရာတွေမရှိတာမို့ အရမ်းဆော့ချင်ကဲချင်သူတွေအတွက် စိတ်ကျနပ်မှာမဟုတ်ပါဘူး) ရေတံခွန်ပုံစံ လုပ်ပေးထားတဲ့ကျောက်သားနံရံနေရာလေးက ဓာတ်ဖမ်းလို့လှပေမဲ့ ချော်တာမို့ သူ့ရှေ့တည့်တည့်က (၆) ပေဆိုတော့ ရေမကူးတတ်ရင် ဓာတ်သွားမဖမ်းစေချင်ပါဘူး။ ရေကန်ဘေးမှာ ရေစစ်ကန်လေးရှိပါတယ်။ မဆင်းစေချင်ပါ။ Chemical တွေနဲ့မို့ အန္တရာယ်ရှိပါတယ်။

 

ရေမသန့်မှာတော့ မပူနဲ့နော်။ မနက်တစ်ကြိမ် ညနေတစ်ကြိမ် လဲပေးပါတယ်။ (မနက်က အစောကြီးလှယ်တာမို့ မမြင်ခဲ့ရပေမဲ့ ညနေတော့ ကိုယ်တွေ့ပါ) သူငယ်ချင်းတွေ အဖွဲ့လိုက်ဓာတ်ပုံထဲပါချင်တာ မပါရမှာစိုးလို့ စိတ်မပူပါနဲ့။ ကန်ဘေးက ဝန်ထမ်းလေးတွေက သဘောကောင်းပြီး ဓာတ်ဖမ်းပေးပါတယ် (ကိုယ်တွေတော့တွေ့သမျှသူ ခေါ်ရိုက်ခိုင်းလိုက်တာပါပဲ၊ အပြန်အလှန်ပေါ့)

အစားအသောက်အတွက်

Restaurant ရှိပါတယ်။ ဈေးမကြီးသလို သက်လည်းမသက်သာပါဘူး။ ရေနွေးတောင် အလကားရမယ်မထင်ပါနဲ့။ တစ်ခွက် (၅၀၀) ပါ။ အစားအသောက်တွေက အရသာအရမ်းမကောင်းပေမဲ့ ကြက်သောက်ဆမ်း (၄၀၀၀ကျပ်) ကတော့ စားရတာမဆိုးပါ။ ပြင်ပအစားအစာယူခွင့်မပြုဘူးဆိုပေမဲ့ လက်ဖက်သုပ်၊ အာလူးကြော်လိုမျိူး ဟာတွေက အကုန်ယူလို့ရပါတယ်။ အုန်းစိမ်းရည်က တစ်လုံး (၁၅၀၀) ကျပ်ပါ။

ကလေးတွေနဲ့လာရင်အဆင်ပြေပါ့မလား

သိပ်ပြေတာပေါ့။ ကစားကွင်းလေးလည်း ထားထားပေးသလို ပျော့ပျော့အိအိကစားကွင်းပါ ထပ်ဖွင့်ပေးထားတော့ အိုစကေပေါ့။

Booking အတွက် ‭

09 952204547‬ ကို ဆက်လို့ရပါတယ်။

အားသာချက်

အခန်းခဈေးမဆိုး။ နီးနီးနားနား အပန်းဖြေနိုင်။ ရေကူးကန်ကို အမြဲသန့်နေအောင် ရေလဲလှယ်ပေးနေတာကြောင့် ပေးရတဲ့ဝင်ကြေးနဲ့ တန်တယ်လို့ခံစားရ။ ရေချိူးခန်းထဲ shower & shampoo ထားပေးထား။ အိမ်သာသန့်။

အားနည်းချက်

Tent တို့၊ ဖျာတို့ ငှားစားချင်လို့များ အခန်းမရှိဘူးချည်းပြောတာလား။ ဂျင်းထည့်တာများလားလို့ ခံစားမိတယ်။ ကိုယ်တွေရှေ့တင် check out တွေလုပ်ကြတာအများကြီးကို အခန်းမရလိုက်ဘူး။ ရေကူးကန်လိုပဲ ရေကငြိမ်နေမဲ့အစား လှိုင်းအတုလေးတွေ ဖန်တီးပေးသင့်။ လူတစ်ကိုယ်စာအေးဆေးနိုင်တဲ့ ဘောကွင်းတွေထားပေးရင် ပို safe ဖြစ်မယ်ထင်။

သတိထားဖို့

ကန်က ဘေးနှစ်ဘက်ထက် အလယ်ကဇောက်လိုလုပ်ထားတာဖြစ်လို့ ရေအနက်ရောင်ဖြစ်နေတဲ့နေရာက (၆) ပေ (၁) လက်မရှိတယ်။ ရေမကူးတတ်ရင် ရေနက်ပိုင်းမသွားပါနဲ့။ ကော်ဘောကွင်းတွေမို့ လူတစ်ကိုယ်လုံး ရေပေါ်ပေါ်နေဖို့ သိပ်အကူအညီမဖြစ်ပါ။ ကမ်းစပ်ရေတိမ်ပိုင်းက ခြေထောက်ရှနိုင်သော ကြမ်းပြင်အနေအထားရှိတယ်။ ရေစစ်ကန်ထဲ မဆင်းပါနဲ့။ Locker ထဲ အရေးကြီးပစ္စည်းတွေထည့်ပြီးရင် ကောင်တာကိုပြန်အပ်ထားခဲ့မဲ့အစား မိမိလက်မှာပဲပတ်ထားတာက ပိုစိတ်ချရပါတယ်။ ကောင်တာ ပြန်အပ်ရင် သော့ချင်းမှားပေးနိုင်တဲ့ အခြေအနေများပါတယ်။

အားလုံးခြုံပြောရရင် သူငယ်ချင်းနဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ် အေးအေးဆေးဆေး နားနားနေနေ ညအိပ်နေမယ်ဆိုရင် သိပ်မဆိုးပဲ အဆင်ပြေမဲ့နေရာလေးပါ။ (ရောက်ကာစကတော့ ဂျင်းလို့ခံစားမိတယ်) တနင်္ဂနွေဆို လူတအားများရင် ကန်ထဲရော ကန်စပ်ရော ကျပ်နေမှာမို့ Weekdays မဟုတ်ရင်တောင် စနေနေ့ပဲသွားတာက လူရှူပ်တာမကြိုက်သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။ အချို့ ရေမကြိုက်သူတွေအတွက် ပျော်စရာမကောင်းဘဲ ငြီးငွေ့နိုင်တာမို့ ခွီရမဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့သွားပါလို့ (ကိုယ်လည်း အဲဒီလိုသွားလို့သာ ပျင်းချိန်မရှိဘဲ အချိန်တောင်မလောက်အောင် ပျော်ခဲ့ရတယ်)

(ဒီဆောင်းပါးကawmh ရိုးရာလေးရဲ့ မိတ်ဖက် Travelholic YPS Facebook Page မှာဖော်ပြထားတဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်)

Ref: Travelholic YPS
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top