ရွဲယိုပင်၏ ဆေးဖက်ဝင်ပုံ အမျိုးမျိုး

unnamed.png

ရွဲယိုပင်များကို ပစိဖိတ် ကျွန်းစွယ်များ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ နှင့် အိန္ဒိယနိုင်ငံများတွင် အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ အရွက်မှာ အစိမ်းရင့်ရောင်၊ အပွင့်မှာ အဖြူရောင်နှင့် အသီးမှာ အစိမ်းရောင်တို့ ဖြစ်ပါတယ်။ အမြစ်၊ ပင်စည်၊ အခေါက်၊ အရွက်၊ အပွင့်၊ အသီး အားလုံးဟာ ဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုးမှာ မရှိသလောက် နည်းပါတယ်။

ရွဲယိုပင် အခေါက်ကို ဘတ်တီးရီးယားပိုး ဝင်ခြင်းကို ကုသနိုင်သလို ချောင်းဆိုးခြင်း၊ မွေးကင်းစ ကလေးငယ်များ ဝမ်းလျှောခြင်း နှင့် အစာအိမ်နာခြင်းတို့တွင်လည်း ကုသနိုင်ပါတယ်။

ရွဲယိုပန်းပွင့်ကို မျက်စိ ယားယံခြင်း၊ မျက်ခွံ စူးရှ နာကြင်ခြင်း၊ မျက်ကြည်လွှာ ယောင်ရမ်းခြင်း၊ မျက်စိ သွေးကြောပေါက်ခြင်း နှင့် ချောင်းဆိုးခြင်း စသည်တို့ကို ကုသရာတွင်လည်း အသုံးပြုကြပါတယ်။

ရွဲယိုသီးကို ဖျော်ရည် ဖျော်ပြီး သောက်သုံးခြင်းဖြင့် ပန်းနာ ရင်ကြပ်ခြင်း၊ ထိခိုက်ဒဏ်ရာ၊ အရိုးကျိုးခြင်း၊ ခံတွင်းနှင့် လည်ချောင်း ပိုးဝင်ခြင်း၊ တီဘီရောဂါ၊ သန်ထခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ အော့အန်ခြင်း၊ မျက်စိစွံခြင်း၊ အဆစ်ရောင်ခြင်း၊ စိတ်ကျခြင်း၊ ဝက်ရူးပြန်သကဲ့သို့ တက်ခြင်း၊ ဘတ်တီးရီးယားနှင့် မှိုကူးစက်ခြင်း နှင့် ဗိုင်းရက်စ်ပိုး ဝင်ခြင်းတိို့ကို သက်သာစေပါတယ်။

လတ်ဆတ်တဲ့ ရွဲယိုသီး ဖျော်ရည်ဟာ ကင်ဆာ ဝေဒနာရှင်များ အတွက် ကောင်းကျိုး ရှိလှပါတယ်။ ရွဲယိုသီး အနံ့ဟာ ချဉ်စုပ်စုပ် ခပ်စူးစူး ရှိသဖြင့် သောက်သုံးသည့် အခါ အဝင်တော့ ခက်ပါတယ်။ ထို့ကြောင့် ပျားရည်ဖြင့် ရောဖျော်ခြင်း၊ ထညက်ဖြင့် ရောကြိုပြီး သောက်သုံးလျှင်တော့ အဝင် သိပ်မဆိုးလှတော့ပေ။

ခြောက်နေအောင် လှန်းထားတဲ့ ရွဲယိုရွက်ခြောက်ကို မီးလောင်ဒဏ်ရာ နှင့် ယောင်ရမ်း ဒဏ်ရာများကို အုံပေးခြင်းဖြင့် သက်သာစေသလို ကလေးငယ်များ အတွက် ရင်လူးဆေး အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ ရွဲယိုရွက် အစိုကိုလည်း မီးလောင် ဒဏ်ရာ၊ အပူလောင် ဒဏ်ရာများမှာ အုံပေးလျှင် သက်သာစေပါတယ်။ အရွက်ကို စားပေးခြင်းဖြင့် ဖျားနာခြင်း၊ ကိုယ်တွင်း သွေးယိုစိမ့်ခြင်း၊ ဘတ်တီးရီးယားပိုး ကူးစက်ခြင်း နှင့် အဆစ် ရောင်ခြင်းကို သက်သာ စေပါတယ်။ ရွဲယိုရွက်သည် အနည်းငယ် ခါးသက်သက် ရှိသဖြင့် ရွဲယိုရွက်ကို ငါးဖြင့် ထုပ်ကာ ပေါင်းစားပေးနိုင်သလို အရွက်ကို ခပ်သေးသေး လှီးပြီး ကြက်ဥနှင့် ခေါက်ကြော်၍လည်း စားသုံးနိုင်ပါတယ်။

ရွဲယို အမြစ်ဟာ ခံတွင်း ပြည်တည်နာ ပေါက်ခြင်း၊ ဖျားနာခြင်း၊ အကြိတ် နှင့် ကင်ဆာ အကြိတ် ပေါက်ခြင်း တို့ကိုလည်း သက်သာစေပါတယ်။

Ref : drugs.com
Stacy Chan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top