အရေးပါ တွင်ကျယ်လာတဲ့ Digital Advertising

mobileapptechnology.jpg

ထုတ်ကုန်တစ်ခု နာမည်ကြီးဖို့ တီဗီမှာ ကြော်ငြာတဲ့ခေတ်က ကုန်သွားပြီဆိုတာ သိပါသလား။ ခုနောက်ပိုင်းမှာ ကုမ္ပဏီ တော်တော်များများက တီဗီကြော်ငြာတွေထက် အွန်လိုင်းကြော်ငြာ (Digital Advertising) ပိုင်းမှာ ပိုအားသန်လာတာကို သတိထားမိကြမယ်ထင်ပါတယ်။

Dentsu Aegis Network ကုမ္ပဏီရဲ့ ယခုနှစ် တင်ပြချက်အရ သူတို့ဆီမှာ Digital ပိုင်းက ရှယ်ယာ ၃၈.၄ ရာခိုင်နှုန်း ရရှိနေတဲ့အချိန်မှာ TV ပိုင်းကတော့ ၃၅.၅ ရာခိုင်နှုန်းခန့်သာ ရရှိတယ်ဆိုပြီး ပြောကြားထားပါတယ်။ ဒီလို ပြောင်းလဲလာရတဲ့ အဓိက အကြောင်းအရင်းကတော့ မိုဘိုင်းဖုန်းတွေကြောင့်ပါ။

ဒီနေ့ခေတ်မှာ ဖုန်းအသုံးပြုနှုန်း မြင့်တက်လာတဲ့အလျောက် စီးပွားရေးသမားတွေကလည်း သူတို့ ထုတ်ကုန်တွေကို လူသိများလာစေမယ့် Digital Advertising ပိုင်းဆီ အဓိက ပစ်မှတ်ထားလာကြပါတယ်။

Dentsu Aegis Network ကုမ္ပဏီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ နစ်ဝါတာ (Nick Waters) က Tech Wire Asia ကို “မိုဘိုင်းဖုန်းတွေက ရောင်းသူ၊ ဝယ်သူကြား တံတားတစ်ခုလို ကူညီပေးတဲ့အရာ ဖြစ်လာနေပြီ။ တစ်ဦးတစ်ယောက်စီရဲ့ အကြိုက်တွေအလိုက် တူညီရာ အဖွဲ့တွေ ခွဲပြီး ကြော်ငြာတာတွေ လုပ်လာကြပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အွန်လိုင်းပေါ်မှာ ရှာဖွေခဲ့တဲ့မှတ်တမ်းတွေ၊ ဆက်သွယ်မှုတွေ၊ သွားရောက်ခဲ့တဲ့နေရာတွေ အစရှိတဲ့ အချက်အလက်တွေက ကြော်ငြာသမားတွေကို ထိထိရောက်ရောက် ကြော်ငြာနိုင်အောင် ကူညီပေးနေကြပါတယ်။ လူမှန်၊ အချိန်မှန်၊ နေရာမှန် နဲ့ ပေးချင်တဲ့ သတင်းအချက်အလက်ကို တိတိကျကျပေးနိုင်အောင် အွန်လိုင်းကြော်ငြာကဏ္ဍ (Digital Advertising) က စွမ်းဆောင်ပေးနိုင်ပါတယ်။

တရုတ်မှာဆိုရင် Digital advertising ကို ပိုပြီး တွင်တွင်ကျယ်ကျယ်ကို အသုံးပြုနေကြတာပါ။ အွန်လိုင်း ဝက်ဘ်ဆိုက်တွေကတစ်ဆင့် ရောင်းချမှုတွေကို အကြီးအကျယ် ပြုလုပ်ကြပါတယ်။ ခုနောက်ပိုင်းမှာ အင်တာနက်အသုံးပြုနိုင်တဲ့ စမတ်တီဗီတွေ ခေတ်စားလာပြီး Digital Advertising ရဲ့ ခြေလှမ်းတွေ ပိုလှမ်းနိုင်ဖို့ လမ်းဖောက်ပေးနေပြန်ပါတယ်။

တရုတ်တင်မက အိန္ဒိယရဲ့ digital ပိုင်းကလည်း အခုဆိုရင် ၃၁.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် အွန်လိုင်းဗီဒီယိုတွေနဲ့ ဆိုရှယ်မီဒီယာက တစ်ဆင့် ကြော်ငြာတာက ဘယ်လောက် အရေးပါနေလဲဆိုတာ သိနိုင်ပါတယ်။

ခုနောက်ပိုင်းမှာ စာပို့ စကားပြော (Chat) အပ်ပလီကေးရှင်းတွေကို အဓိက အသုံးပြုပြီး ဆက်သွယ်မှုတွေ ပြုလုပ်လာကြတာ သိကြမယ်ထင်ပါတယ်။ သိပ်မကြာခင်မှာ ၎င်း အပ်ပလီကေးရှင်းတွေလည်း ထုတ်ကုန်တွေရဲ့ အဓိက ကြော်ငြာ မဏ္ဏိုင် ဖြစ်လာလိမ့်မှာက မလွဲပါပဲ။

မိုဘိုင်းဖုန်းတွေကို ပိုမိုအသုံးပြုလာတာနဲ့အမျှ စီးပွားရေးသမားတွေကလည်း သူတို့ရဲ့ ဝယ်သူတွေ ရှိမယ့်နေရာကို လက်လှမ်းမှီအောင် ကြိုးစားသင့်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်လာကြပါပြီ။

Ref : TechwireAsia “Why you should invest more in digital advertising”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top