အကြောင်းအရာ တိကျခိုင်မာမှ သူတစ်ပါးကို ဝေဖန်ပါ

d260c0a31dc8bd48237039c7659308d1.jpg

BAŞKALARINI SUÇLAMA (İHA/ERZURUM-İHA)

အိမ်ထောင်သက်တမ်း မကြာသေးတဲ့ လင်မယားနှစ်ယောက်ဟာ ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သာယာလှပတဲ့ မနက်ခင်းတစ်ခုမှာ လင်မယားနှစ်ယောက် မနက်စာစားနေတုန်း ဇနီးသည်ဖြစ်သူက ဘေးဘက်အိမ်က အမျိုးသမီးလေးတစ်ယောက် အဝတ်တွေ လျှော်ပြီးလှန်းနေတာကို သတိထားမိလိုက်ပါတယ်။

အဲဒီအခါ ” ကြည့်ပါဦးရှင်…ဒီအမျိုးသမီးလေး အဝတ်လျှော်တာ မပြောင်ဘူး။ အဝတ်တွေကို သန့်စင်အောင် ဘယ်လိုလျှော်ရမလဲဆိုတာ သူမသိသေးဘူးထင်တယ်” လို့ ခင်ပွန်းသည်ဖြစ်သူကို ပြောလိုက်ပါတယ်။ ခင်ပွန်းသည်ကတော့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

တစ်ဘက်အိမ်က အမျိုးသမီး အဝတ်လျှော်ပြီးလှန်းတာမြင်တဲ့အခါတိုင်း အလားတူ ထင်မြင်ချက်တွေ၊ ပြစ်တင်ပြောဆိုမှုတွေကို ပြောနေခဲ့ရင်း တစ်လခန့်အကြာမှာတော့ ဇနီးဖြစ်သူက ခင်ပွန်းသည်ကို လှမ်းခေါ်လိုက်ပါတယ်။ “လာကြည့်ပါဦး။ တစ်ဘက်အိမ်က အမျိုးသမီးလေး အဝတ်အထည်တွေကို သန့်ရှင်းစင်ကြယ်အောင် ဘယ်လိုမျိုးလျှော်ဖွတ်ရမလဲဆိုတာ သူ(မ)သိသွားပြီထင်တယ်”လို့ လှမ်းပြောလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူက တစ်ချက်ပြုံးလိုက်ပြီး အခုလိုပဲပြောလိုက်ပါတယ်။ ” ကိုယ်ချစ်ရတဲ့ ဇနီးလေးရေ… ကိုယ်တို့ရဲ့ မှန်ပြတင်းပေါက်တွေက ဖုန်တွေ၊ သဲတွေကြောင့် မကြည်မလင်ဖြစ်နေတာ တစ်လလောက်ကြာပြီ။ ဒီမနက်မှ ကိုယ်အားလို့ မှန်ပြတင်းပေါက်တွေ အားလုံးကို သန့်ရှင်းရေးလုပ်ထားတာပါ ချစ်ဇနီးလေး” လို့ပြောလိုက်ပါတယ်။

ကျွန်တော်တို့ နေထိုင်ရာလောကကြီးထဲမှာ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူများဘာလုပ်တယ် ဘာပြောတယ်ဆိုတာကိုပဲ ဂရုစိုက်ပြီး ဝေဖန်နေကြတဲ့သူတွေက အများကြီးပါ။ ဘယ်နေရာမှာမဆို အကြောင်းအရာ အပြည့်အစုံ ဂဃနဏမသိဘဲ အခြားသူတစ်ယောက်ကို ပြစ်တင်ပြောဆိုခြင်း မပြုလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ ရမ်းသမ်း ပြစ်တင် ပြောဆိုလိုက်တဲ့စကားတွေက အမှန်တကယ်မဟုတ်နေတဲ့အခါ မိမိကိုယ်တိုင် ပြန်လည်အရှက်ရနိုင်တာကြောင့် အထူးသတိထားသင့်ပါတယ်။

Ref: “The Young Couple”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top