ဗီယက်နမ်မှာ ရေကြီး မြေပြိုမှုများကြောင့် လူ ၂၀ နီးပါး သေဆုံး

floodsviet2207-seo.jpg

ဗီယက်နမ်နိုင်ငံမှာ ရေကြီးမှုဖြစ်ခဲ့တာကြောင့် အခုသီတင်းပတ်အတွင်းမှာ အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိအချိန်အထိ ကုန်းမြင့်ဒေသတွေမှာ နေထိုင်သူတွေကတော့ ဘေးကင်းကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံမှာဖြစ်ခဲ့တဲ့ ရေကြီးမှုတွေကြောင့် လူပေါင်း ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောထားပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ် ရေကြီး၊ မြေပြိုမှုဒဏ်ကို တွေကြုံ ခံစားရလေ့ရှိတဲ့ နိုင်ငံဖြစ်ပြီး ရေကြီးမှုနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားရတာလည်း ဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီး မြေပြိုမူများဟာ ဟနွိုင်းမြို့ အပါအဝင် ကျေးလက်နဲ့ မြို့ပြဒေသတွေမှာပါ တွေကြုံ ခံစားနေရတာဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးမူတွေ ဆက်လက်ဖြစ်လာမယ့် အလားလာတွေရှိနေသေးတယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဗီယက်နမ် အာဏာပိုင်တွေဟာ ဟနွိုင်းမြို့အစွန်က နေအိမ်တွေကို ဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့ နဲ့ ကုန်းမြင့်ဒေသတွေဆီ ပြောင်းရွှေနေထိုင်ဖို့ သတိပေးထားပါတယ်။ ရေကြီးမြေပြိုမှုတွေ ဖြစ်မှာစိုးတာကြောင့် လူအများစုက ရွှေ့ပြောင်းနေထိုင်မှုတွေ စတင်လုပ်နေကြကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဗီယက်နမ် ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

Ref: CAN Asia “Death toll in vietnam flooding rises to 19”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top