တရားရေးဌာနဝန်ကြီးသစ် ခန့်အပ်မှုကို တောင်ကိုရီးယားနိုင်ငံရေးသမားတွေ ခေါင်းတုံးတုံးပြီး ကန့်ကွက်ဆန္ဒပြ

yyl-020-5.jpg

အကျင့်ပျက်ခြစားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရင်ဆိုင်နေရသူကို တရားရေးဌာနဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဆန္ဒပြတဲ့အနေနဲ့ တောင်ကိုရီးယား နိုင်ငံရေးသမား (၃)ယောက်က ခေါင်းတုံးတုံးခဲ့ကြပါတယ်။ အခုနောက်ဆုံး ခေါင်းတုံးတုံးခဲ့သူကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဟွမ်ကျိုအန် ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့တနင်္လာနေ့ ညနေပိုင်းက သမ္မတအိမ်တော်(အိမ်ပြာတော်)အပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ ဂျာနယ်လစ်တွေ၊ ထောက်ခံအားပေးသူတွေရှေ့မှာ ခေါင်းတုံးတုံးခဲ့တာပါ။ ဟွန်ကျိုအန်မတိုင်ခင် ပြီးခဲ့တဲ့တစ်ပတ်ကလည်း အမျိုးသမီး လွှတ်တော်အမတ် နှစ်ယောက်က ခေါင်းတုံးတုံးပြီး ဆန္ဒပြခဲ့ပါတယ်။

တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ချိုကုဟာ သမ္မတမွန်ဂျေအင်းရဲ့ လက်ထောက်အရာရှိတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ တရားရေးဝန်ကြီးအဖြစ် တာဝန် စတင်ထမ်းဆောင်ခဲ့သူပါ။ ချိုကုဟာ ဥပဒေပါမောက္ခဟောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့ဇနီးကလည်း ဥပဒေပါမောက္ခဖြစ်ပါတယ်။ သမီးဖြစ်သူကို တက္ကသိုလ်ဝင်ခွင့်နဲ့ ပညာသင်ဆုရရှိစေဖို့အတွက် ချိုကုရဲ့ဇနီးက စာရွက်စာတမ်းတွေ အတုလုပ်ခဲ့တယ်လို့ စွဲချက်တင်ထားပါတယ်။ အဲဒီဖြစ်ရပ်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကိုပါ ဒေါသထွက်စေခဲ့ပါတယ်။

ဒါပေမဲ့ တရားမဝင်ကိစ္စတွေ လုပ်တယ်လို့ အတည်မပြုနိုင်သေးချိန်မှာ စွပ်စွဲမှုတွေကို ယုံမှတ်ပြီး ရာထူးတာဝန်ပေးအပ်သင့်သူ တစ်ယောက်ကို မခန့်အပ်ရင် ဆိုးရွားတဲ့ အစဉ်အလာဖြစ်သွားနိုင်တယ်လို့ သမ္မတမွန်ဂျေအင်းက မှတ်ချက်ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top