တိရစ္ဆာန်ဂေဟာမှသည် အိမ်ဖြူတော်ဆီရောက်လာတဲ့ ခွေးလေး

22-1-2021-yyl-39.jpg

အမေရိကန်နိုင်ငံရဲ့သမ္မတအသစ် ဂျိုး ဘိုင်ဒင်ဟာ သမ္မတတာဝန်တွေ ထမ်းဆောင်ဖို့အတွက် အိမ်ဖြူတော်ကို ပြောင်းတဲ့အချိန်မှာ သူ့ရဲ့ခွေးလေး (၂) ကောင်ကိုပါ ခေါ်သွားမှာပါ။ သမ္မတရဲ့ခွေးလေး (၂) ကောင်က ချန်ပီ နဲ့ မေဂျာ တို့ဖြစ်ပြီး မေဂျာကတော့ သူ့ကို သမ္မတ ဂျိုး ဘိုင်ဒင် မမွေးစားခင်တုန်းက တိရစ္ဆာန်ဂေဟာမှာ နေခဲ့တာပါ။ အခုဆိုရင် တိရစ္ဆာန်ဂေဟာရဲ့ခွေးတွေအနက် သမ္မတအိမ်တော်မှာ နေထိုင်ခွင့်ရမယ့် ပထမဆုံးခွေးလေးဖြစ်လာပါပြီ။

ချန်ပီဆိုတဲ့ ခွေးလေးကတော့ ၂၀၀၈ခုနှစ်ကတည်းက သမ္မတကြီးရဲ့မိသားစုဝင်ဖြစ်ခဲ့တာပါ။ မေဂျာကတော့ ၂၀၁၈ခုနှစ်ကမှ တိရစ္ဆာန်ဂေဟာကနေ သမ္မတကြီးရဲ့အိမ်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ သမ္မတဂျိုး ဘိုင်ဒင်ရဲ့သမီးက နေထိုင်ဖို့အိမ်လိုအပ်နေတဲ့ခွေးပေါက်လေးတွေကို ပြတဲ့အချိန်မှာ မေဂျာကို Delaware Uumane Association ကနေ ခေါ်ယူမွေးစားခဲ့တာပါ။

DHA ကနေ ခေါ်ယူမွေးစားခံခဲ့ရတဲ့ ခွေးလေးဟာ သမ္မတအိမ်တော်မှာ နေထိုင်ခွင့်ရခဲ့တာကြောင့် DHA က မေဂျာအတွက် ဂုဏ်ပြုပွဲလေးကျင်းပပေးခဲ့ပါတယ်။ Zoom နဲ့ ကျင်းပခဲ့တဲ့ ဒီပွဲကို တိရစ္ဆာန်ချစ်သူ (၇၄၀၀) ကျော် တက်ရောက်ခဲ့ပြီး DHA အတွက် လှူဒါန်းငွေ ဒေါ်လာ၂၀၀,၀၀၀ ရရှိခဲ့ပါတယ်။ အဲဒီလှူဒါန်းငွေတွေနဲ့ ကပ်ရောဂါအတွင်းမှာ တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ အခက်အခဲဖြစ်နေတဲ့ ခွေးပိုင်ရှင်တွေကို ထောက်ပံ့ပေးဖို့နဲ့ တိရစ္ဆာန်တွေကို ထာဝရအိမ်ရှာတွေ့အောင် ကူညီပေးဖို့ စီစဉ်ထားပါတယ်။

တိရစ္ဆာန်ဂေဟာက တိရစ္ဆာန်လေးတွေ မွေးစားမယ့်သူပေါ်လာတိုင်း အထူးသီးသန့်ပွဲလေး ကျင်းပပေးလေ့ရှိတာပါ။ သမ္မတအိမ်တော်မှာ နေထိုင်ရတော့မယ့် မေဂျာအတွက် ဂုဏ်ပြုပေးတဲ့ပွဲကို တက်ရောက်ပေးကြတဲ့သူတွေကိုရော၊ လှူဒါန်းပေးကြတဲ့သူတွေကိုပါ DHA တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ကျေးဇူးတင်စကားဆိုထားပါတယ်။ DHA က တိရစ္ဆာန်ဂေဟာမှာ မေဂျာ နေခဲ့တုန်းက ပုံနဲ့ သမ္မတကြီးနဲ့အတူရိုက်ထားတဲ့ အခုလက်ရှိပုံတို့ကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါသေးတယ်။

Ref: Ladbible “Joe Biden’s German Shepherd Officially Becomes First Rescue Dog Living In White House”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top