ထိုင်နေရင်း အိပ်စက်ခြင်းအန္တရာယ်

26-10-2021yyl04.jpg

ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း (ဒါမှမဟုတ်) ဘတ်စ်ကားစီးရင်း အိပ်ပျော်သွားတက်ကြတယ်မလား။ အဲဒီတုန်းကတော့ သင့်အတွက် အဲဒီလိုအိပ်ရတာ ဘာမှမဖြစ်ပေမဲ့ နောက်ပိုင်းမှာ ကျောနာတာ၊ လည်ပင်း ထုံကျင်နာကျင်တာ၊ ပခုံးနာကျင်တာတွေ ခံစားရတယ်မလား။ အဲဒီလိုဖြစ်တယ်ဆိုရင် အချိန်အကြာကြီးထိုင်ပြီး မလှုပ်ရှားတာကြောင့် ဖြစ်လာရတာပါ။ ထိုင်နေရင်း အိပ်ပျော်သွားတဲ့အကျင့်က လူ့ခန္ဓာကိုယ်အတွက် နေသားကျနေတဲ့အရာမဟုတ်ပါဘူး။ ထိုင်နေရင်း အနေအထားနဲ့ မလှုပ်ရှားဘဲ နေတာက သင့်ရဲ့အဆစ်အမြစ်တွေကို ထိခိုက်စေပြီး တောင့်တင်းလာစေပါတယ်။ ခြေထောက်သွေးပြန်ကြောတွင်းသွေးခဲပိတ်ခြင်း (deep vein thrombosis) လို ပြင်းထန်တဲ့ရောဂါဖြစ်နိုင်ချေများလာနိုင်တယ်ဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

ကျွန်တော်တို့ အလုပ်လုပ်နေရင်း အလုပ်စားပွဲမှာ အိပ်ပျော်သွားတတ်ကြပါတယ်။ ကျောင်းသားဘဝတုန်းကလည်း စာသင်ခုံပေါ်မှာ အိပ်ပျော်သွားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ထိုင်နေရင်းနဲ့ ကြိမ်ဖန်များစွာ အိပ်ပျော်နေမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ တစ်နေရာတည်းမှာပဲ မလှုပ်မယှက်ဘဲ နေမယ်ဆိုရင် သင့်ရဲ့ကိုယ်ခန္ဓာအနေအထားကို ထိခိုက်စေနိုင်တဲ့ ကျောနာတာ၊ ခန္ဓာကိုယ်နာကျင်တာဖြစ်လာနိုင်ပါတယ်။ အကြောဆန့်ပေးတာကတော့ ခန္ဓာကိုယ်နာကျင်တာ၊ အဆစ်အမြစ်ထုံကျင်တာကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလို့ မှတ်ယူလို့ရပါတယ်။ ထိုင်နေရင်း အိပ်စက်တာက သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေသလို လှုပ်ရှားနိုင်မှုကိုလည်း ကန့်သတ်လိုက်နိုင်ပါတယ်။

ထိုင်နေရင်း အိပ်စက်တာက ရေတိုပြဿနာတွေအပြင် ခြေထောက်သွေးပြန်ကြောတွင်းသွေးခဲပိတ်ခြင်းရောဂါလည်းဖြစ်လာနိုင်ပါတယ်။ ဒါက ထိုင်နေပြီး မလှုပ်မယှက်ဘဲ အချိန်အကြာကြီးအိပ်စက်တာရဲ့ ဆိုးကျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါအခြေအနေကို မကုသဘဲထားမယ်ဆိုရင် အရေးပေါ်အခြေအနေအထိဖြစ်လာနိုင်ပြီး အဆိုးဆုံးအခြေအနေကတော့ သေဆုံးနိုင်ပါတယ်။ သွေးခဲစက ကွဲအက်သွားတဲ့အခါ အဆုတ်နဲ့ ဉီးနှောက်ထဲ ရောက်ကာ အဆိုးရွားဆုံးရလဒ်ဖြစ်တဲ့ ရုတ်တရက်သေဆုံးတာဖြစ်လာနိုင်ပါတယ်။

သတိထားရမယ့် လက္ခဏာတွေကတော့

  • ခြေထောက် သို့မဟုတ် ခြေသလုံးကြွက်သားတွေ ရောင်ရမ်းနာကျင်ခြင်း
  • ရောင်ရမ်းခြင်းကြောင့် အရေပြား နီရဲလာပြီး ပူနွေးလာခြင်း
  • ရုတ်တရက် ခြေကျင်းဝတ် သို့မဟုတ် ခြေဖဝါးနာကျင်ခြင်းတို့ပါပဲ။

Ref: The dangers of sleeping while sitting: Can it be fatal?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top