အသက် (၁၇) နှစ်နဲ့ ဂရမ်မီဆုပေးပွဲရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ အဆိုတော်မလေး ဘီလ်လီ အီလစ်ချ်

yyl-021-9.jpg

အသက် (၁၇) နှစ်သာရှိသေးတဲ့ အမေရိကန်အဆိုတော်မလေး ဘီလ်လီ အီလစ်ချ် ( Billie Eilish) ဟာ ၂၀၂၀ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်တယ်လို့ ကြေညာပြီးတဲ့နောက်မှာ သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။

ဘီလ်လီ အီလစ်ချ်က Album of the Year၊ Record of the Year၊ Song of the Year၊ Best New Artist ဆုတွေအပါအဝင် ဆုအမျိုးအစား (၆) ခုမှာ ဆန်ကာတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဘီလ်လီအပါအဝင် အနုပညာရှင် (၁၂) ကိုသာ အဓိကဆုအမျိုးအစား (၄) ခုမှာ ဆန်ကာတင်စာရင်းအတွက် ရွေးချယ်ထားတာပါ။ သူကတော့ ဂရမ်မီဆုပေးပွဲသမိုင်းမှာ အငယ်ဆုံးအနုပညာရှင်လည်းဖြစ်ပါတယ်။

သူ့ရဲ့ပွဲဦးထွက်အယ်လ်ဘမ် “When We All Fall Asleep, Where Do We Go” က Album of the Year၊ Best Pop Vocal Album ဆုအမျိုးအစားအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး သူ့ရဲ့နာမည်ကြီးသီချင်း “Bad Guy” ကတော့ Best Solo Performance၊ Song of the Year, Record of the Year ဆုတွေအတွက် ဆန်ကာတင်စာရင်းဝင် ထားပါတယ်။

ဘီလ်လီက ဂရမ်မီစံချိန်ကို ချိုးပစ်နိုင်မယ့် အခွင့်အရေးလည်းရှိပါတယ်။ သူသာ Album of the Year ဆုကို ရရှိသွားခဲ့မယ်ဆိုရင် အငယ်ဆုံးတစ်ကိုယ်တော် အဆိုရှင် ဖြစ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီစံချိန်ကို ပိုင်ဆိုင်ထားတာက ၂၀၁၀ခုနှစ်မှာ Fearless အယ်လ်ဘမ်နဲ့ ဆုရရှိခဲ့တဲ့ တေလာဆွစ်ဖ်ပါပဲ။

၆၂ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ၂၀၂၀ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ လော့အိန်ဂျလိစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဂရမ်မီဆုရှင် အဲလ်လီရှာ ကီးစ် (Alicia Keys) က ဒီဆုပေးပွဲအခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Ref: Tribune “Billie Eilish becomes youngest artist ever to break Grammy nomination history”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top