ဟောင်ကောင်ဆန္ဒပြပွဲမှာ ဝိုင်းခံထားရတဲ့ တက္ကသိုလ်ထဲကနေ လွတ်မြောက်ဖို့ ရေဆိုးစွန့်လိုဏ်ခေါင်းထဲကနေ ထွက်ပြေးသူတွေကို ဖမ်းဆီး

yyl-007-9.jpg

ဟောင်ကောင်မြို့က ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ ၄ ရက်ကြာ ဝိုင်းထားတဲ့ Polytechnic တက္ကသိုလ်ထဲကနေ လွတ်မြောက်ဖို့အတွက် ရေဆိုးစွန့်တဲ့ လိုဏ်ခေါင်းထဲကနေ ထွက်ပြေးခဲ့ကြပါတယ်။ Polytechnic တက္ကသိုလ်မှာ ဖြစ်ပွားနေတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ဟာ ၅ လကျော်ကြာမြင့်နေတဲ့ ဟောင်ကောင်မြို့ ဆန္ဒပြပွဲတွေမှာ အပြင်းထန်ဆုံး အဓိကရုဏ်းတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ ဆန္ဒပြသူတွေက တက္ကသိုလ် ၅ ခုကို သိမ်းပိုက်ခဲ့တဲ့အနက် Polytechnic တက္ကသိုလ်ကတော့ နောက်ဆုံးသိမ်းပိုက်ခံရတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

Polytechnic တက္ကသိုလ်ပရိဝုဏ်အတွင်း ခုခံခဲ့သူတွေဟာ ကိုယ့်သဘောနဲ့ကိုယ် အဖမ်းခံတာ၊ ဆေးကုသခွင့်တောင်းဆိုတာတွေလုပ်ပြီး တက္ကသိုလ်ပရိဝုဏ်ထဲကနေ ထွက်ခွာခဲ့ကြပါတယ်။ တက္ကသိုလ်ပရိဝုဏ်ထဲကနေ ထွက်ခွာလာသူတွေထဲမှာ အရွယ်ရောက်ပြီးသူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အသက်မပြည့်သေးသူတွေကို ပြန်လွှတ်ပေးပေမဲ့ ကိုယ်ရေးမှတ်တမ်း အသေးစိတ်ရေးပြီး မှတ်တမ်းတင်ထားပါတယ်။ လူခြောက်ယောက်ကတော့ ရေဆိုးစွန့်တဲ့ လိုဏ်ခေါင်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားနေတုန်း အဖမ်းခံခဲ့ရတာပါ။ သူတို့အထဲမှာ ယောကျ်ား ၃ ယောက်၊ မိန်းမတစ်ယောက်က ရေဆိုးစွန့်တဲ့ လိုဏ်ခေါင်းမြောင်းဖုံးကို ဖွင့်ပြီး အတွင်းဘက်ကို ကြိုးချပေးနေတုန်း အမျိုးသားနှစ်ယောက်က လိုဏ်ခေါင်းအပေါ်ဘက်ကို တက်ဖို့ ကြိုးစားနေချိန်မှာ သူတို့အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top