Bubble Tea ၏ ကျန်းမာရေး ကောင်းကျိုးနှင့် ဆိုးကျိုးများ

yyl-001-6.jpg

ယခုဆိုလျှင် bubble tea (သို့မဟုတ်) milk tea ဆိုင်များ ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများတွင် တွေ့မြင်နေရပြီ ဖြစ်သည်။ ပူပြင်းလှသော ရာသီဥတုကတစ်ကြောင်း၊ စိတ်ကိုလန်းဆန်းစေသော ခံစားချက် ကတစ်ကြောင်း၊ ချိုမြိန် အေးမြသည့် နှစ်လိုဖွယ် အရသာရှိခြင်း ကတစ်ကြောင်း စသည်တို့ကြောင့် လူငယ်များ အလွန်ပင် နှစ်ခြိုက်စွာ သောက်သုံးလာကြသည်။ ထို့ကြောင့် Bubble Tea ၏ ကျန်းမာရေး ကောင်းကျိုးနှင့် ဆိုးကျိုးများအား ဗဟုသုတ ရစေရန် ဘာသာပြန် ရေးသား ဖော်ပြပေးလိုက်ပါသည်။

Bubble tea (သို့မဟုတ်) milk tea သည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်း များစွာကပင် တရုတ်(တိုင်ပေ)တွင် လက်ဖက်ခြောက်အကြမ်းကို အခြေခံသည့် ဖျော်ရည်များ သောက်သုံးခြင်းအဖြစ် အလွန်ပင် ခေတ်စားခဲ့ပါသည်။ ကနဦးတွင် ကလေးငယ်များ အကြား၌ စတင် ခေတ်စားခဲ့သည်။ နောက်ပိုင်းတွင် ဆယ်ကျော်သက်အရွယ် လူငယ်များ အကြားတွင် ရွေးချယ်စရာ အဆင့်ဆင့်ရှိသော အချိုအရသာ ရွေးချယ်ခြင်း၊ အမျိုးစုံသော အရသာ ပေါင်းစပ်ခြင်းများ၊ ထူးခြားသော ပါဝင်ပစ္စည်းများ နှင့် ကျန်းမာရေး အကျိုးအာနိသင်များကြောင့် ပိုမို ရေပန်းစား လူကြိုက်များလာခဲ့ပါသည်။
Bubble tea (သို့မဟုတ်) milk tea သည် အချိုခြောက် (black tea), အကြမ်းခြောက် (green tea), ဖက်ဖက်ဖြူ (white tea) တို့ကို နွားနို့ဖြင့် ရောကာ ပီလောပီနံ အလုံးများ၊ သစ်သီး ဂျယ်လီ များဖြင့် ရောစပ်ကာ သောက်ချင်စဖွယ် အရသာများ ဖန်တီးထားခြင်းပင် ဖြစ်ပါသည်။Bubble tea (သို့မဟုတ်) milk tea ၏ အရသာ ရွေးချယ်မှု များသည် ပင်မှည့်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး၊ ဌက်ပျောသီး၊ ဖရဲသီး၊ ချင်း(ဂျင်း)၊ ချောကလပ်၊ ကီဝီသီး အစရှိသည့် သစ်သီး သစ်ဥ အဆီနှစ်များဖြင့် ဖော်စပ်ထားခြင်းဖြစ်သည်။

အကြမ်းဖျင်းအားဖြင့် ဆိုလျှင် Bubble tea (သို့မဟုတ်) milk tea သည် သကြားပါဝင်သည် ဖျော်ရည် ဖြစ်သည့်အတွက် ကျန်းမာရေး အတွက် မသင့်တော်ဟု ယူဆရသည်။ သို့သော် မှန်ကန်သော အရသာ အစပ်အဟပ်များနှင့် ပေါင်းစပ်မည်ဆိုလျှင် သောက်သုံးသူအတွက် ကောင်းမွန်သည့် အရသာရှိသော လန်းဆန်းစေသော ဖျော်ရည်တစ်ခုဖြစ်ပါသည်။
အချို့သော ဆိုင်များတွင် Bubble tea (သို့မဟုတ်) milk tea ကို သကြားအလွန် အကျွံထည့်ခြင်း၊ နို့ဆီ အသုံးပြုချင်းများကြောင့် ခန္ဓာကိုယ်တွင်း ကယ်လိုရီ မြင့်တက်ကာ ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ်စေပါ သည်။ သို့သော် သန့်ရှင်း သပ်ရပ်စွာ ပြုလုပ်သည့် ဆိုင်များတွင် ဝယ်ယူသောက်သုံးပါက သို့မဟုတ် အိမ်တွင် ပြုလုပ်သောက်သုံးပါက အောက်ဖော်ပြပါ ကျန်းမာရေး ကောင်းကျိုးများ ရရှိမည် ဖြစ်ပါသည်။

၁။ ကိုယ်ခံအား အားကောင်းစေခြင်း

Bubble tea (သို့မဟုတ်) milk tea ပြုလုပ်ရာတွင် အခြေခံသည့် green tea သည် ခန္တာကိုယ်၏ ကိုယ်ခံအားစနစ်ကို အဓိက အားကောင်းစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း မြောက်များစွာ ပါဝင်နေပါသည်။ ထို့အပြင် green tea ထဲသို့ လတ်ဆတ်သော သစ်သီးများထည့်၍ သောက်သုံးခြင်းကြောင့် ခန္တာကိုယ်အတွက် လိုအပ်သော ဗီတာမင်စီ ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ပိုမို အားကောင်း စေပါသည်။

၂။ စွမ်းအား မြှင့်တင်ပေးခြင်း

green tea, black tea နှင့် white tea တွင် ပါဝင်သော သကြားဓာတ် နှင့် ကဖိန်းဓာတ် သည့် စွမ်းအား မြှင့်တင်ပေးသည့် အရင်းအမြစ် ဖြစ်သည်။ သို့သော် သကြားဓာတ်လွန်ကဲမှု မဖြစ်စေရန် သကြားပါဝင်မှု ၅၀% အောက်တွင် သောက်သုံးခြင်းဖြင့်လဲ ခန္တာကိုယ်၏ အစာချေဖျက်မှုကို အထာက်အကူ ဖြစ်သည် ဟုဆိုသည်။

၃။ နှလုံးကျန်းမာရေး အတွက် အတန်အသင့် အထောက်အကူပြုခြင်း

သကြားဓာတ် လွန်ကဲခြင်း နှင့် ကယ်လိုရီများသော အစားအစာများသည် မိမိ၏ နှလုံး သွေလည်ပတ်မှုနှင့် သက်ဆိုင်သော ကျန်းမာရေး အခြေအနေများ အတွက်တော့ အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပေ။ ကျန်းမာရေးနှင့် ညီညွှတ်စွာ ပြုလုပ်ထားသော Bubble tea (သို့မဟုတ်) milktea တွင် ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းသည် ခန္တာကိုယ်တွင်းရှိ သွေးကြောနံရံများကို အားကောင်းစေသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် Bubble tea (သို့မဟုတ်) milk tea ကို ကြိုက်နှစ်သက်ကြသော လူကြီး လူငယ်များ အားလုံး ကျန်းမာ ညီညွှတ်စွာ ရွေးချယ်သောက်သုံးရန် တိုက်တွန်းလိုက်ပါသည်။
ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top