အိမ်မှာ နေရင်တောင် ခြေဗလာနဲ့ လျှောက်မသွားသင့်တဲ့ အကြောင်းအရင်း

11-10-2021yyl12.jpg

အပြင်သွားတဲ့အခါ တစ်နေ့ကုန် ဖိနပ်စီးထားရတာကြောင့် အိမ်ပြန်ရောက်တာနဲ့ ဖိနပ်ချွတ်ချင်ကြတဲ့သူတွေရှိကြပါတယ်။ အိမ်ရောက်တာနဲ့ သက်တောင့်သက်သာနေချင်ကြတာပါ။ တကယ်တော့ အိမ်မှာနေရင်လည်း ဖိနပ်မပါဘဲ ခြေဗလာနဲ့ အိမ်ထဲလျှောက်မသွားသင့်ပါဘူး။ အိမ်ထဲမှာ အိမ်နေရင်းစီးဖိနပ်မပါဘဲ လျှောက်သွားတာက သင့်ခြေထောက်ကျန်းမာရေးနဲ့အလှတရားအတွက် မကောင်းတဲ့အကျိုးဆက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ဖိနပ်မပါဘဲ ခြေဗလာနဲ့ လျှောက်သွားမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဒီဆောင်းပါးမှာ မျှဝေပေးလိုက်ရပါတယ်။

သင့်ခြေထောက်က ဘတ်တီးရီးယားတွေနဲ့ပိုပြီး ထိတွေ့လာမယ်

သင့်အိမ်ရဲ့ကြမ်းပြင်ကို သန့်ရှင်းထားရင်တောင် လုံးဝရောဂါပိုးမွှားကင်းစင်သွားမယ်လို့ ပြောလို့မရနိုင်ပါဘူး။ ကြမ်းပြင်တွေက သန့်ရှင်းတဲ့ပုံပေါ်ပေမဲ့ အိမ်ထဲမှာ ဘတ်တီးရီးယားတွေပါဝင်တဲ့ဖုန်မှုန့်တွေရှိနေတုန်းပါပဲ။ ခြေဗလာနဲ့ အိမ်ထဲ လျှောက်သွားမယ်ဆိုရင် သင့်ခြေထောက်မှာ အလွန်သေးငယ်တဲ့ပိုးမွှားတွေ ကပ်ညှိလာနိုင်ပါတယ်။ သင့်ခြေသည်းတွေမှာ ရောဂါပိုးမွှားဝင်ရောက်လာပြီး ခြေသည်းဝါတာ၊ ကျိုးပဲ့တာတွေဖြစ်လာနိုင်ပါတယ်။

မာကြောတဲ့ကြမ်းပြင်က သင့်ခြေဖဝါးအတွက် မကောင်းပါဘူး

တစ်ပတ်ကို တစ်ခါလောက်တော့ မြက်ခင်းပြင်ပေါ် ခြေဗလာနဲ့ လမ်းလျှောက်ပေးတာက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပေမဲ့ အိမ်ထဲမှာနေရင်တော့ ခြေဗလာနဲ့လမ်းလျှောက်တာက သင့်ခြေထောက်ကို ထိခိုက်စေနိုင်ပါတယ်။ အိမ်ထဲက ကြမ်းပြင်အများစုက မာကြောပြီး ဖိနပ်မပါဘဲ လျှောက်သွားတာက သင့်ခြေဖဝါးမှာ နာကျင်မှုတွေဖြစ်လာနိုင်ပါတယ်။

ထိခိုက်ဒဏ်ရာတွေဖြစ်လာနိုင်တယ်

တစ်နေ့ကုန််ဖိနပ်စီးထားရလို့ ဖိနပ်ခဏချွတ်တာက ကောင်းပေမဲ့ ဖိနပ်မပါဘဲ အိမ်ထဲ လျှောက်သွားနေမယ်ဆိုရင်တော့ သင့်ခြေထောက်မှာ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ ဖိနပ်အပါးဝတ်တာ (သို့) ဖိနပ်မပါဘဲ ခြေအိတ်ပဲဝတ်ထားတာက ချော်လဲနိုင်ပြီး ချော်လဲတဲ့ဒဏ်ကြောင့် ခြေထောက်ကြွက်သားတွေထိခိုက်ဒဏ်ရာဖြစ်နိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။

ကျောနာတာဖြစ်လာနိုင်တယ်

ခြေဗလာနဲ့ လမ်းလျှောက်ပြီးတဲ့နောက်မှာ သင့်ခြေဖဝါးက ရောင်ရမ်းလာသလို ခံစားရလာနိုင်ပါတယ်။ မာကြောတဲ့ကြမ်းပြင်ပေါ် ခြေဗလာနဲ့ လမ်းလျှောက်တာက သင့်ခြေထောက်မှာ အပေါ်ဝိတ်ဖိအားတွေပိုများလာစေနိုင်ပါတယ်။ ဖိအားမညီမျှမှုက ခြေထောက်နာကျင်ရောင်ရမ်းတာကို ပိုဆိုးရွားလာနိုင်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်း သက်ရောက်မှုရှိပြီး ဒူးနာတာ၊ ကျောနာတာတွေဖြစ်လာနိုင်ပါတယ်။

ခြေထောက်အနံ့ဆိုးတွေဖြစ်လာနိုင်တယ်

ခြေဗလာနဲ့လမ်းလျှောက်တာက သင့်ခြေထောက်နဲ့ကျောကို နာကျင်စေတာအပြင် ခြေထောက်အနံ့ဆိုးတွေဖြစ်လာနိုင်ပါတယ်။ ဖိနပ်မစီးတာက ခြေထောက်မှာ ဘတ်တီးရီးယားပိုးတွေကပ်ညှိခြင်းကနေ ကာကွယ်ပေးရာမရောက်ပါဘူး။ ခြေဗလာနဲ့ လမ်းလျှောက်တဲ့အချိန် ခြေထောက်မှာ ဘတ်တီးရီးယားပိုးမွှားတွေ အလွယ်တကူကပ်ညှိလာတာကြောင့် ခြေထောက်အနံ့ဆိုးတွေဖြစ်လာရနိုင်ပါတယ်။

Ref: Brightside “Why You Shouldn’t Walk Around Barefoot, Even at Home”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top