ကွယ်လွန်သွားတဲ့ ပရိသတ်တစ်ဦး အတွက် ငွေလှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

20160910_ts_large.jpg

အဆိုတော် တေလာဆွစ်ဖ်ဟာ မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ ပရိသတ်တစ်ဦးအတွက် ဒေါ်လာ ၅၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။

ကွယ်လွန်သူ ကေတီဘက်သ်ကာတာ ဟာ တေလာဆွစ်ဖ်ရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး မော်တော်ယာဉ်မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတင်ရပြီး ဆေးရုံမှာကွယ်လွန်ခဲ့တာပါ။

ကေတီဘက်သ်ကာတာ သေဆုံးသွားချိန်မှာ ကျန်ရစ်သူမိသားစုအနေနဲ့ ဆေးရုံစရိတ်၊ သင်္ဂြိုလ်စရိတ်နဲ့ မော်တော်ကားထိခိုက်မှုကို ပြန်လည်ပြင်ဆင်ဖို့ စရိတ်တွေအတွက် ပိုက်ဆံအလုံအလောက် မရှိ်ပါဘူး။ ပေးဆောင်ရမယ့် စရိတ်က ဒေါ်လာ လေးသောင်းလောက် လိုနေခဲ့တာမို့ အင်တာနက်ပေါ်က အလှူခံခဲ့ရာမှာ တေလာဆွစ်ဖ်က ဒေါ်လာ ငါးထောင်ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူမ သွားလှူတဲ့ အချိန်မှာ ဒေါ်လာ လေးသောင်းပြည့်ဖို့အတွက် ဒေါ်လာငါးထောင်နီးပါးသာ လိုအပ်နေတာ ဖြစ်တဲ့အတွက် ကွယ်လွန်သူရဲ့ မိသားစုတွေအနေနဲ့ ပေးဆောင်ရမယ့် စရိတ်တွေအတွက် အဆင်ပြေသွားခဲ့တယ်လို့ သိရပါတယ်။

Ref : US Magazine : Taylor Swift Donates $5,000 to Fan’s Funeral Costs

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply