အသက်ကို ဉာဏ်စောင့်၏

lake-with-reeds-and-trees-on-the-beach-PGN83FU-e1563692260369.jpg

ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များမှ ဇာတ်တော်တစ်ပုဒ်စီတွင် သင်ခန်းစာယူစရာ အချက်အလက် အနည်းဆုံး တစ်ခုပါနေတတ်သည်မို့ စာဖတ်သူတို့ အကျိုးများစေရန် ရည်ရွယ်ပြီး မှီငြမ်း ရေးသားလိုက်ပါသည်။

ရှေးအခါက ဒကရက္ခိုက်ဘီလူး အပိုင်စားရသော ရေကန်ကြီး တစ်ကန်ရှိသည်။ ထိုကန်သို့ ဆင်းသက်သော သတ္တဝါမှန်သမျှကို ဘီလူးမှ ဖမ်းစားပိုင်ခွင့်ရှိသည်။ ရေကန်ရှိသော တောအုပ်ကြီးတွင် မျောက်မင်းသည် မျောက်ရှစ်သောင်း ခြံရံလျက် နေထိုင်ကျက်စားလေသည်။ မျောက်မင်းသည် မျောက်အပေါင်းတို့အား –
“အသီးမြင်တိုင်း မစားကြနှင့်။ အဆိပ်သီးတွေ ရှိတတ်သဖြင့် ငါ့အားပြပြီးမှစားကြ။ ရေကန်မြင်တိုင်း ဆင်းမသောက်ကြနှင့်။ ငါ့အားမေးမြန်းပြီးမှသာ သောက်ကြ။” ဖို့ မှာကြားထားသည်။

တစ်နေ့တွင် မျောက်အပေါင်းတို့သည် တောအတွင်း လှည့်လည်သွားလာရင်း ဒကရက္ခိုက် အပိုင်စားသော ရေကန်အနီးသို့ ရောက်လာလေသည်။ မျောက်အပေါင်းတို့သည် ရေဆင်းမသောက်ကြသေးဘဲ မျောက်မင်းရောက်လာသည့်အထိ စောင့်ဆိုင်းကြ၏။ မျောက်မင်းရောက်လာပြီး ရေကန်ကို ကြည့်ရှုစစ်ဆေးသော် ရေကန်တွင် အဆင်းခြေရာများသာတွေ့ပြီး အတက်ခြေရာများကို မတွေ့ရသဖြင့် မျောက်အပါင်းတို့အား ကန်သို့ ဆင်းမသောက်ကြသေးရန် တားမြစ်ပြီး ကျူတောမှ ကျူရိုးတစ်ချောင်းကို ရှေးဦးစွာ ယူစေသည်။ ပြီးနောက် ကျူရိုးကို ထိပ်ဝတစ်ဖက်မှ မှုတ်သော် ကျူအဆစ်တို့ ပြုတ်ပြီး ရေသောက်နိုင်ရန် ပိုက်သဏ္ဍာန်ပေါ်၏။ ထိုအခါမှ မျောက်မင်းနှင့် မျောက်ရှစ်သောင်းတို့သည် ရေကန်အတွင်းသို့ မဆင်းဘဲ ကျူရိုးပိုက်ဖြင့် ရေတို့ကို သောက်သုံးပြီး တောထဲသို့ ဝင်သွားကြလေသည်။ ဘီလူးလည်း သူ၏ပိုင်နက်အတွင်းသို့ မဝင်လာသောကြောင့် ဖမ်းစားမရဘဲ လက်မှိုင်ချ၍သာ နေရတော့သည်။

ဤစူဠကပါနဇာတ် (ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်မှ) တွင် သတိနှင့် ဉာဏ်ပညာကို အသုံးချပြီး မိမိတို့ အလိုရှိရာကို ချမ်းသာစွာ ရယူနိုင်ကြောင်းနှင့် ပညာရှိအကြီးအကဲတို့၏ စကားကို နာယူခြင်းသည် ကောင်းကျိုးချမ်းသာရနိုင်ကြောင်း သင်ခန်းစာယူမိပါသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top