အန်ကောဝပ်ဘုရားကျောင်းထက် ပိုပြီးရှေးကျတဲ့ ဘုရားကျောင်း (၁၀၀) နီးပါးရဲ့ အပျက်အစီးတွေ တွေ့ရှိ

61171386_2391838060847100_8908682695064682496_n.jpg

ကမ္ဘောဒီးယားနိုင်ငံ သစ်တောထဲမှာ အန်ကောဝပ်ဘုရားကျောင်းထက် ပိုပြီးရှေးကျတဲ့ ကျောင်းတော်ရာ (၁၀၀) နီးပါးရဲ့ အပျက်အစီးတွေကို ရှေးဟောင်းပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း ခရာတီပြည်နယ်က သမိုင်းဝင် ဆမ်ဖူဘိုရက်ဒေသမှာ ရှေးဟောင်းကျောင်းတော်ရာ အပျက်အစီး အပိုင်းအစတွေ တွေ့ရှိခဲ့တာဖြစ်ပြီး အများစုကတော့ အုတ်မြစ်တွေ ဖြစ်ပါတယ်။ ရှေးဟောင်းဘုရားကျောင်းတွေဟာ (၆) ရာစုနဲ့ (၇) ရာစုက ဘုရားကျောင်းတွေ ဖြစ်မယ်လို့ ရှေးဟောင်းပညာရှင်တွေက ယုံကြည်နေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းကိုတော့ (၁၂) ရာစုက တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၆၂.၆ ဟက်တာဧကရှိလို့ ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အအုံတစ်ခုအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ရှေးဟောင်းဘုရားကျောင်း အပျက်အစီးတွေ တွေ့ရတဲ့ ဆမ်ဖူဘိုရက်ဒေသဟာ မဲခေါင်မြစ်နဲ့အပြိုင် တည်ရှိပြီး အန်ကောဝပ်ဘုရားကျောင်း မတည်ဆောက်ရသေးခင်က လူဦးရေအထူထပ်ဆုံးဒေသတစ်ခု ဖြစ်ပါတယ်။ ဖူနန်ဘုရင်ပိုင်နက်လို့ လူသိများပြီး ချင်လာဒေသလို့ ခေါ်ဆိုကြတဲ့ အဲဒီဒေသဟာ ခမာအင်ပါယာတစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။ သဲကျောက်နဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းတွေဟာ ဗြဟ္မာတွေကို ကိုးကွယ်ယုံကြည်သူတွေ တည်ဆောက်ကိုးကွယ်ခဲ့တာဖြစ်မယ်လို့ ရှေးဟောင်းပညာရှင်တွေက ယုံကြည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top