လက်သည်းဝါညစ်ညစ်ဖြစ်ရခြင်းအကြောင်းအရင်းနဲ့ ကုသနည်း

nail.jpg

လက်သည်းကို အမြဲတမ်း သန့်ရှင်းနေအောင်ထားသင့်ပါတယ်။ သင့်လက်သည်းတွေက အဝါရောင်သမ်းပြီး သန့်ရှင်းမှုမရှိဘူးဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်စေရုံသာမက အခြားသူတွေနဲ့တွေ့ဆုံတဲ့အခါမျိုးလည်း ကြည့်ရဆိုးစေပါတယ်။ လူတော်တော်များများကတော့ ဘာလို့ လက်သည်းတွေ အဝါရောင်သမ်းနေရတာလဲဆိုတာကို နားမလည်ကြပါဘူး။ သင့်လက်သည်းက သင့်ကျန်းမာရေးကို ပြောပြနေတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ အဝါရောင်သမ်းနေပြီး မသန့်ရှင်းတဲ့ လက်သည်းတွေက သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုလာပြီးလို့ ပြနေတဲ့ လက္ခဏာရပ်တွေပါပဲ။

လက်သည်းအဝါရောင်သမ်းရတဲ့ အကြောင်းအရင်းများ

လက်သည်းတွေ အဝါရောင်သမ်းရတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတရံ တချို့အစားအစာတွေက သင့်လက်သည်းတွေကို စွန်းထင်းစေပြီး တစ်ချိန်လုံး ဝါညစ်ညစ်ဖြစ်စေပါတယ်။

နနွင်း

နနွင်းက သင့်လက်သည်းတွေကို အဝါရောင်သမ်းသွားစေတဲ့ ဟင်းခတ်အမွှေးအကြိုင်ပါ။ နနွင်းပါတဲ့အစားအစာတွေကို သင့်လက်နဲ့စားတဲ့အခါမျိုးမှာ သင့်လက်သည်းမှာ ဝါညစ်ညစ်ဖြစ်သွားစေပါတယ်။ အဲဒီအစွန်းအထင်းက တဖြည်းဖြည်းနဲ့ လက်သည်းရဲ့သဘာဝအရောင်ကို ပိုညစ်သွားစေပါတယ်။

ဆိုဒါ

တစ်ခါတရံ ဆိုဒါတွေ အရမ်းအများကြီးအသုံးပြုတာက သင့်လက်သည်းကျန်းမာရေးကို ထိရောက်မှုရှိနိုင်ပါတယ်။ ဆိုဒါက အရောင်တွေကို မှေးမှိန်သွားစေတဲ့ ဂုဏ်သတ္တိရှိတဲ့ သဘာဝအစွန်းချွတ်ပစ္စည်းတစ်မျိုးပါ။ သင့်လက်ချောင်းလေးတွေနဲ့ ဆိုဒါတွေကို ထိမိတဲ့အခါ လက်သည်းတွေက ကျိုးပဲ့လာပြီး ဝါညစ်ညစ်ဖြစ်လာစေပါတယ်။

ဓာတုပစ္စည်းများ

မိန်းကလေးအများစု အသုံးပြုနေတဲ့ ဓာတုပစ္စည်းပါတဲ့၊ ဈေးနည်းတဲ့ လက်သည်းနီ၊ လက်သည်းဖျက်ဆေးတွေက လက်သည်းကို ထိခိုက်ပျက်စီးစေပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ ပစ္စည်းတွေက သင့်လက်သည်းကို အစွန်းအထင်းကျန်စေပြီး လက်သည်းတွေကို ဝါညစ်ညစ်ဖြစ်စေသလို ကျိုးပဲ့ပျက်စီးစေပါတယ်။

ရောဂါလက္ခဏာရပ်များ

သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါတွေကဲ့သို့ ရောဂါတွေကြောင့်လည်း အဝါရောင်သမ်းတဲ့လက်သည်းတွေဖြစ်လာရတာဖြစ်ပါတယ်။ သွေးဖြူဆဲလ်ပြဿနာတွေကို ခံစားနေရတဲ့ လူတွေမှာ လက်သည်းဝါညစ်ညစ်ဖြစ်တာကို အများဆုံးတွေ့ရတယ်လို့ ဆေးပညာရပ်တွေအရ သိရပါတယ်။

အဝါရောင်သမ်းနေတဲ့ လက်သည်းတွေကို သဘာဝအလျောက် ဘယ်လိုဖယ်ရှားပစ်မလဲ

ဝါညစ်ညစ်လက်သည်းတွေကို ဖယ်ရှားဖို့ နဲ့ လက်သည်းလေးတွေ ကျန်းမာဖို့အတွက် အရင်ဆုံးလုပ်ရမှာ ဓာတုဆေးနည်းပြီး၊ နူးညံ့တဲ့ဆပ်ပြာနဲ့ လက်သည်းလေးတွေကို သန့်ရှင်းပေးခြင်းအားဖြင့် လက်သည်းလေးတွေကို ပုံမှန် ဂရုစိုက်ပေးဖို့နဲ့ အုန်းဆီ (သို့) အယ်လ်မွန်ဆီတို့နဲ့ လက်သည်းလေးတွေကို နေ့စဉ် ရေဓာတ်ဖြည့်ပေးဖို့ပါပဲ။ အဲဒီလိုမျိုးအဆီတွေက လက်သည်းတွေကို အာဟာရဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။ အဲဒါတွေအပြင် သင် တစ်နေ့တာစားသုံးတဲ့အစားအစာမှာ ဥ၊ အိုမီဂါ ၃၊ ဘလူးဘယ်ရီ၊ အယ်မွန်စေ့တွေလို ကာရာတင်းနဲ့ ဘိုင်အိုတင်းဓာတ်တွေကြွယ်ဝတဲ့အစားအစာတွေ ထည့်စားပေးဖို့ လိုအပ်ပါတယ်။

ဒီအိမ်တွင်းနည်းတွေက သင့်အတွက် အကူအညီမဖြစ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ကြည့်ဖို့ အကြုံပြုလိုက်ရပါတယ်။

Ref: TOI “What causes yellow nails and how to cure this problem”
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top