ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ ဝက်သက်ဗိုင်းရပ်စ် ပျံ့နှံ့နေ

nn4.jpg

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့မှာ ကူးစက်ဖို့ လွယ်ကူတဲ့ ဝက်သက်ဗိုင်းရပ်စ် ပျံ့နှံ့နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့ကြား ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉၆ ဦးရှိခဲ့တယ်လို့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီအချိန်အပိုင်းအခြားအတွင်းမှာ ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀ ပဲ ရှိခဲ့ပါတယ်။

ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံရလို့ ကလေးငယ် အများစုအပါအဝင် လူ ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဝက်သက်ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးငယ် ၂.၄ သန်း ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တယ်လို့ အစောပိုင်းမှာ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံရရင် လေပြွန်တွေ ရောင်ရမ်းနိုင်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားပြီး အသက်ဆုံးရှုံးရနိုင်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဒူကေးက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ကလေးမိဘတွေဟာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး(Dengvaxia)ထိုးရာမှာ ဘေးထွက်ဆိုးကျိုးတွေ ကြုံခဲ့ရလို့ အစိုးရကျန်းမာရေးစင်တာတွေမှာ ကာကွယ်ဆေးထိုးဖို့ တွန့်ဆုတ်နေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top