မိလ္လာပိုက်လိုင်းကတစ်ဆင့် ဘဏ်ကို ဖောက်ထွင်းမှုဖြစ်ပွား

nn2.jpg

သူခိုးတွေက မိလ္လာပိုက်လိုင်းထဲကနေ တွားသွားပြီး ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝါ့ပ်မြို့အနီးက ဘဏ်တစ်ခုကို ဖောက်ထွင်းခဲ့ပါတယ်။ သူခိုးတွေဟာ အကျယ် ၁၅ လက်မပဲရှိတဲ့ မိလ္လာပိုက်လိုင်းထဲမှာ တွားသွားပြီး ဘဏ်မြေအောက်ခန်းထဲရောက်အောင် နောက်ထပ်လိုဏ်ခေါင်းတစ်ခု ဖောက်ခဲ့ပုံပေါ်ပါတယ်။

ဒါပေမဲ့ ဘဏ်အတွင်း တပ်ဆင်ထားတဲ့ အချက်ပေးစနစ် အသံမြည်သွားလို့ ထိတ်လန့်တကြားဖြစ်ခဲ့တဲ့ သူခိုးတွေဟာ ရွှေချောင်းတွေကို ပင်မမြေအောက်ခန်း ကြမ်းပြင်ပေါ်မှ လွှင့်ပစ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘဏ်မြေအောက်ခန်းအတွင်း ဝင်ရောက်နိုင်ဖို့ ရဲတပ်ဖွဲ့က ဘဏ်အမှုထမ်းတွေကို စောင့်ဆိုင်းနေရချိန်မှာ သူခိုးတွေက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးတွေဟာ ဝါယာကြိုးခွေတွေ၊ ဖောက်စက်တွေ၊ ဖြတ်စက်တွေ အပါအဝင် ထင်ရှားတဲ့ သဲလွန်စတွေ ကျန်ရစ်ခဲ့ပါတယ်။

ဖြတ်စက်ရဲ့ကုန်ပစ္စည်းထုတ်လုပ်မှုနံပါတ်(serial number)နဲ့ လိုက်လံစစ်ဆေးရာမှာ ဟော်လန်နိုင်ငံက ဆိုင်တစ်ဆိုင်ကနေ ဝယ်ယူခဲ့တယ်လို့ တွေ့ရှိရပါတယ်။ အဲဒီဖောက်ထွင်းမှုဟာ အရမ်းအန္တရာယ်များတယ်လို့ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ရေပေးဝေမှုကုမ္ပဏီ အကြီးအကဲက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top