NTT LTD မှ မြန်မာနိုင်ငံတွင် ရုံးခွဲသစ် စတင်ဖွင့်လှစ်ခဲ့ပြီး အာရှပစိဖိတ်ဒေသအတွင်း ဈေးကွက်ထပ်မံချဲ့ထွင်

Mr.-Sutas-CEO-of-NTT-Ltd-Mr.-Thiha-Kyaw-Deputy-Country-Manager.jpg

ကမ္ဘာ့ထိပ်တန်း နည်းပညာဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် NTT Ltd., သည် ၎င်း၏ မြန်မာရုံးခွဲ NTT Myanmar အား မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။ NTT Myanmar သည် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး (ICT) ပိုင်းဆိုင်ရာ နည်းပညာ ဖြေရှင်းချက်များနှင့် ဝန်ဆောင်မှုများအား ပေးအပ်သွားရန် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ business-to-business လက်ကားရောင်းချခွင့် လုပ်ငန်းလိုင်စင် (Wholesale License) ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း ယနေ့ကြေညာခဲ့သည်။

ထို့အပြင် NTT Myanmar သည် စင်ကာပူ – မြန်မာ – အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့်ရေအောက် ကေဘယ် “MIST” တည်ဆောက်ရေးစီမံကိန်းအတွက်လည်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံကာ စတင်လုပ်ဆောင် နေပြီဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ဒေတာအမြန်နှုန်း တိုးမြင့်လာစေရန် နှင့် latency (ဒေတာများ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိရန် ကြာမြင့်ချိန်) လျော့ကျလာစေရန် ရည်ရွယ်ချက်ဖြင့် Orient Link Pte. Ltd နှင့် မဟာဗျုဟာမြောက် ပူးပေါင်း၍ အရှေ့တောင်အာရှဒေသ အတွင်း ဆောင်ရွက်နေသည့် နိုင်ငံတကာ ရေအောက်ကေဘယ် တည်ဆောက်ရေး မဟာဗျုဟာမြောက် စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဤသို့ business-to-business လက်ကားရောင်းချခွင့် လုပ်ငန်းလိုင်စင် (Wholesale License) အား ရရှိခဲ့ခြင်းသည် NTT မြန်မာအတွက် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပြီး ထိုသို့ ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာနေသည့် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၏ လိုအပ်ချက်များအတွက် ဒစ်ဂျစ်တယ်နည်းပညာ ဖြေရှင်းချက်များအား အရှိန်အဟုန်မြင့် တိုးချဲ့လုပ်ဆောင်သွားနိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် နှစ်စဉ် ၆ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိပြီး အဆိုပါ ပမာဏသည် ဖွံ့ဖြိုးဆဲအာရှနိုင်ငံ အများစု၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းထက်ပင် ပိုမိုမြင့်မားလျက် ရှိနေသည့်အတွက် အဆိုပါ အချက်သည် NTT Ltd., အတွက် အလွန်ကောင်းမွန်သော စီးပွားရေးပိုင်းဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်သည်။ ထို့အပြင် NTT Myanmar သည် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများအပြင် ပညာရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများမှ အဖွဲ့အစည်းများကိုလည်း ကူညီပံ့ပိုးသွားမည်ဖြစ်ကာ အစဉ်မပြတ် တိုးတက်ပြောင်းလဲနေသည့် ဆန်းသစ်တီထွင်မှုများအား မျက်ခြေမပြတ် သိရှိစေရန်နှင့် ဒစ်ဂျစ်တယ် ကမ္ဘာကြီးအား အမှီလိုက်နိုင်စေရန်နှင့် နည်းပညာသစ်များအား စဉ်ဆက်မပြတ် ပိုမိုလေ့လာဆည်းပူးနိုင်စေရန် သက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်သွားမည် ဖြစ်သည်။

ဒေတာစီမံခန့်ခွဲမှု၊ ဆော့ဖ်ဝဲလ်၊ multi/hybrid cloud နည်းပညာ၊ အတိုင်ပင်ခံလုပ်ငန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာပိုင်း ကူညီထောက်ပံ့မှု ဝန်ဆောင်မှုများအား ပေးအပ်လျက် ရှိသည့် NTT Myanmar သည် အဖွဲ့အစည်းများ၏ စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်သားများ၏ ကျွမ်းကျင်မှုများအား ပိုမိုမြင့်မားလာစေရန် နည်းပညာသစ်များနှင့် အကောင်းမွန်ဆုံး ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ ထို့အပြင် NTT Myanmar သည် မြန်မာနိုင်ငံ၏ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ဒစ်ဂျစ်တယ်စီးပွားရေးသို့ ကူးပြောင်းမှု လုပ်ငန်းစဉ်အား တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးသွားသည့် အနေနှင့် မြန်မာနိုင်ငံတဝန်းရှိ နည်းပညာပိုင်းဆိုင်ရာ လုပ်သားများ၏ ကျွမ်းကျင်မှုများအား ပိုမိုမြင့်မားလာစေရန် သတင်းအချက်အလက်နှင့် နည်းပညာ (ICT) စီမံကိန်းများတွင် ပါဝင်ကူညီသွားမည်ဖြစ်သည်။

NTT Ltd ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Sutas Kongdumrongkiat မှ “မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်ကဏ္ဍဟာ လျင်မြန်စွာပြောင်းလဲတိုးတက်နေတဲ့အတွက် client လုပ်ငန်းတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အစဉ်မပြတ် ဆန်းသစ်တီထွင်နေရပါတယ်။ NTT အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခွဲ စတင်ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် အရမ်းကို ဝမ်းမြောက်မိပြီး အခုလို လုပ်ဆောင်နိုင်ခဲ့ခြင်းဟာ ဖွံ့ဖြိုးတိုးတက်လာတဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ကူးပြောင်းရေး ခရီးစဉ်တစ်လျှောက်မှာ နိုင်ငံတွင်းက ကျွန်တော်တို့ရဲ့ client လုပ်ငန်းတွေအတွက် အရေးပါ အသုံးဝင်တဲ့ ဝန်ဆောင်မှုတွေကို NTT တစ်ခုထဲမှ အစအဆုံးပြီးပြည့်စုံစွာ တာဝန်ယူဆောင်ရွက်ပေးအပ်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်သန်ချက်ကို သက်သေပြနေပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုတွေနဲ့ အားကောင်းတဲ့ စနစ်တကျ ပူးပေါင်းလုပ်ဆောင်မှုတွေကနေ တဆင့် စီးပွားရေး လုပ်ငန်းတွေ အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုတွေကို ယူဆောင်လာပေးနိုင်မှာ ဖြစ်ပြီး နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက်လည်း အကျိုးရှိစေမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top