“ပိုဝယ်ခဲ့ပါ”

56300223_126452675163404_3900802801327931392_n.jpg

“ပိုဝယ်ခဲ့ပါ” တဲ့…ဒီစာသားလေးမြင်တော့ ကိုယ်လည်း ဘာကို ပိုဝယ်ခဲ့ရမှာလဲပေါ့။

မြောက်ဥက္ကလာအတွင်းက စာရေးကိရိယာဆိုင်ရှေ့မှာ လူငယ်လေးတွေက
“ပိုဝယ်ခဲ့ပါ” စာတန်းပါအကျီင်္လေးတွေနဲ့ “ပိုဝယ်ခဲ့ပါ” အစီအစဉ်ကို မိတ်ဆက်ဖို့ရှိသေး အလှူခံအထင်နဲ့ ဆိုင်ရှင်က မောင်းထုတ်လိုက်တယ်။ လမ်းမှာလည်း လူတိုင်းက နောက်ပြောင်ကြတယ်။

လူငယ်လေးတွေက ပြုံးပျော်ပြီး ဆိုင်အတွင်းကနေ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ထွက်ခွာသွားကြတယ်

“ဘာပိုဝယ်ခဲ့ရမှာလဲ” “ငါ့အတွက်လည်း ပိုဝယ်ခဲ့ဦး”။ ဘီယာလေး (၂) လုံးလောက်ဆိုတာက ပါသေး။

ဒီလို နဲ့ နောက်တစ်ဆိုင်ကို သွား…။ ရှေ့နည်းအတိုင်းပဲ ဆိုင်ရှင်က အလှူခံအထင်နဲ့ မောင်းထုတ်လိုက်တယ်။ “ပိုဝယ်ခဲ့ပါ” တူညီဝတ်စုံနဲ့ လူငယ်လေးတွေ ခေါင်းငိုက်စိုက်လို့ တတိယဆိုင်ထဲကို မရဲတရဲ ထပ်ဝင်လိုက်တယ်။ ကံကောင်းစွာနဲ့ တတိယဆိုင်က လက်ခံစကားပြောတယ်။

တကယ့်တကယ် “ပိုဝယ်ခဲ့ပါ” ရဲ့ အဓိပ္ပာယ်ကို သိကြတဲ့အချိန်မှာ ဆိုင်ရှင်တွေရော လမ်းပေါ်က နောက်ပြောင်သူတွေပါ မပျော်နိုင်ကြပါဘူး။ သူတို့ထင်သလို “ပိုဝယ်ခဲ့ပါ” ဟာ ဟာသတစ်ခုမဟုတ်ခဲ့တဲ့အပြင် သိပ်ကိုရင်နာစရာကောင်းတယ်ဆိုတာ သိလိုက်ပါတော့တယ်။

ဆိုင်ရှင်အစ်မကိုရှင်းပြနေတဲ့ ကိုစိုင်း ဆိုတဲ့ အသက်နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင် လူငယ်တစ်ဦး။ သူ့ရဲ့ရှင်းပြမှုအပြီးမှ ဆိုင်ရှင်က လိုလိုလားလားပဲ သူတို့အဖွဲ့ကို လက်ခံကြိုဆိုကြတယ်။

တကယ့်တကယ် “ပိုဝယ်ခဲ့ပါ” ရဲ့ အဓိပ္ပာယ်ကို သိကြတဲ့အချိန်မှာ ဆိုင်ရှင်တွေရော လမ်းပေါ်က နောက်ပြောင်သူတွေပါ မပျော်နိုင်ကြပါဘူး

“သိပ်ကောင်းတာပဲ ကလေးတို့ရယ် ပုံးလေးတွေထားခဲ့ကြ…ပြည့်တာနဲ့ ဖုန်းဆက်မယ်..လှူမယ့် သူမရှိရင် အစ်မတို့လှူမယ် ” တဲ့…။ လူငယ်လေးတွေက ပြုံးပျော်ပြီး ဆိုင်အတွင်းကနေ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ထွက်ခွာသွားကြတယ်။ ဆိုင်ရှင်အစ်မကတော့ ခေါင်းလေးငြိမ့်ပြီးကျန်ခဲ့ရှာတယ်။

တကယ်တော့ “ပိုဝယ်ခဲ့ပါ” ရဲ့ အဓိပ္ပာယ်က…. မိုးရာသီရောက်လာလို့ ကိုယ့်သားသမီးတွေကို ကျောင်းထားဖို့အတွက် စာရေးကိရိယာပစ္စည်းတွေဝယ်ဖို့၊ ကျောင်းစိမ်းတွေဝယ်ဖို့၊ ဖိနပ်နဲ့ ထီး အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေဝယ်ပေးဖို့ စဉ်းစားနေချိန်မှာ နိုင်ငံတစ်ဝှမ်းက ဆင်းရဲချို့တဲ့ကြတဲ့ မိဘမဲ့ကလေးတွေနဲ့ စစ်ဘေးသင့်၊ စစ်ဘေးရှောင်ကလေးတွေအတွက် စဉ်းစားပေးမယ့်သူတွေ ရှိမနေခဲ့ပါဘူး။

နွမ်းပါးတဲ့မိဘမဲ့ကလေးတွေအတွက် ခဲတံလေး (၁) ချောင်းပဲဖြစ်ဖြစ် ပိုဝယ်ခဲ့ပြီး ဆိုင်ရှေ့မှာရှိတဲ့ “ပိုဝယ်ခဲ့ပါ” ပုံးလေးထဲ ထည့်ပေးခဲ့ရုံပါ

ဒါကြောင့် စာရေးကိရိယာဆိုင်မှာ ကိုယ့်ရဲ့ သားသမီးတွေအတွက် ကျောင်းသုံးပစ္စည်းတွေဝယ်တဲ့ အချိန် တစ်ဘက်က နွမ်းပါးတဲ့မိဘမဲ့ကလေးတွေအတွက် ခဲတံလေး (၁) ချောင်းပဲဖြစ်ဖြစ် ပိုဝယ်ခဲ့ပြီး ဆိုင်ရှေ့မှာရှိတဲ့ “ပိုဝယ်ခဲ့ပါ” ပုံးလေးထဲ ထည့်ပေးခဲ့ရုံပါ။ ခဲတံတစ်ချောင်းဆိုတာ မြန်မာငွေကျပ် (၁၀၀) ပဲ ရှိပါတယ်။

ပုံးလေးပြည့်တာနဲ့ “ပိုဝယ်ခဲ့ပါ” အစီအစဉ်က လူငယ်လေးတွေကလာယူပြီး စစ်တမ်းကောက်ထားတဲ့ ကျောင်းသုံးပစ္စည်းလိုအပ်နေတဲ့ မိဘမဲ့ကလေးတွေတက်တဲ့ကျောင်းတွေကို ပြန်လည်လှူဒါန်းပေးတာပါ။

“ပိုဝယ်ခဲ့ပါ” အစီအစဉ်က လူငယ်လေးတွေ

လူငယ်လေးတွေရဲ့ နောက်ကျောကိုကြည့် တတိယမြောက်ဆိုင်ရှင်အစ်မ ပြုံးချလိုက်တော့တယ်။ အဲဒီအပြုံးက မိဘမဲ့ကလေးတွေအတွက် အနာဂတ်လှပတော့မယ့်နိမိတ်ထင်ပါရဲ့ ………။

ဆိုင်ထဲဝင်လာတဲ့အဒေါ်ကြီးကိုကြည့် တတိယမြောက်ဆိုင်ရှင်ရဲ့ပါးစပ်က “ပိုဝယ်ခဲ့ပါ” တဲ့။ ထို့နောက် ထို့နောက် ……ဆိုင်ရှေ့က ပုံးလေးတွေ ထဲ ခဲတံလေးတွေ၊ ပေတံလေးတွေ ခုန်ပေါက် ပြေးလွှားဝင်သွားကြတယ်။

သားတို့သမီးတို့အတွက် ခဲတံလေးတစ်ချောင်းလောက် ပိုဝယ်ခဲ့ပေးပါ အန်တီ…။

မင်းရသ

ဆက်သွယ်လှူဒါန်းလိုပါက Youth Integrate Society (09 891961973, 09 43154868)

Ref: Pyae Phyo Thu FB, Youth Integrate Society
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top