Denim ဂျင်းကို အသုံးပြုပြီး အသက်ဝင်ပြောင်မြောက်လှတဲ့ ဆယ်လီပုံတူပန်းချီတွေကို ရေးဆွဲဖန်တီးခဲ့သူ

yyl-023-10.jpg

ဘယ်သူဆီမှာပဲဖြစ်ဖြစ် ဂျင်းအင်္ကျီ၊ ဂျင်းဘောင်းဘီတွေ သေချာပေါက်ရှိကြမှာပါ။ ကျွန်တော်တို့တွေဆိုရင် ဂျင်းတွေ ဟောင်းနွမ်းသွားတဲ့အခါ၊ ခန္ဓာကိုယ်နဲ့မကိုက်တော့တဲ့အခါမှာ ဘာလုပ်ပစ်ကြမလဲ။ အဝေးကို လွှတ်ပစ်တာ (ဒါမှမဟုတ်) အခြားသူကို ပေးပစ်ကြမှာမလား။ တကယ်တော့ ဂျင်းတွေကလည်း အနုပညာဖန်တီးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ လန် ဘယ်ရီ (Lan Berry) ဆိုတဲ့ ပန်းချီပညာရှင်တစ်ယောက်ဟာ လက်မှုပညာနဲ့ ရောစပ်ပြီး ဖန်တီးတဲ့နေရာမှာ လူသိများတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူက ဟောင်းနွမ်းသွားတဲ့၊ မလိုအပ်တော့တဲ့ အနွေးထည်တွေ၊ ဂျင်းတွေ၊ အခြားအဝတ်အစားတွေကို အသုံးပြုပြီး ပုံတူပန်းချီကားတွေကို ဖန်တီးပါတယ်။ အရင်တုန်းက Denimရဲ့ ဂျပန်အသံထွက်ဖြစ်တဲ့ Denium လို့တောင် သူက ကိုယ့်ကိုယ့်ကို အမည်နာမပေးထားပါတယ်။ Denim ဂျင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာကို ပြဖို့အတွက် ဖြစ်ပါတယ်။

denim ဂျင်းတွေကို သေသေချာချာလေးပုံဖော်ပြီး အကုန်လုံးကို ကော်နဲ့ကပ်ခြင်းဖြင့် သူ့ရဲ့အမိုက်စားလက်ရာတွေကို ဖန်တီးထားပါတယ်။ ဘယ်ရီက denim အရောင်အမျိုးမျိုးကို အသုံးပြုခဲ့ပြီး တစ်ခါတလေ သူ့ရဲ့အနုပညာလက်ရာတွေကို အသက်ဝင်လာအောင်လုပ်ဖို့အတွက် အရောင်ချွတ်တာတွေတောင်လုပ်ပါတယ်။ သူ့ရဲ့လက်ရာက ဆီဆေးပန်းချီနဲ့ တူပေမဲ့ အနီးကပ်ကြည့်လိုက်ရင် ကွာခြားချက်က ဘာလဲဆိုတာကို ပြောဖို့ ခက်ခဲပါတယ်။

Denim ဂျင်းတွေအသုံးပြုပြီး ဆယ်လီပုံတူပန်းချီဖန်တီးထားတဲ့ သူ့ရဲ့လက်ရာတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်နော်..။

ဒတ်ဘ်ဘီ ဟာရီ (Debbie Harry)

ဂျီယာဂျီယို အာမာနီ (Giorgio Armani)

ဂျိမ်းစ် ဒင်း (James Dean)

မာရီလင် မွန်ရိုး (Marilyn Monroe)

ဟယ်လီနာ ဘုံဟမ် ကာတာ (Helena Bonham Carter)

မာလွန်ဘရန်ဒို (Marlon Brando)

အေမီ လီး (Amy Lee)

ဂစ်ဇဲလ်ဘန်းချင်း (Gisele Bündchen)

ချာတ် ကာရိုဂျာ (Chad Kroeger)

စတိဗ် ဂျော့စ် (Steve Jobs)

Ref: Realistic Celebrity Portraits Using Denim By Ian Berry

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top