Infinity Warမှာ ဘယ်သူတွေ ဘာဖြစ်ကုန်မလဲ

marvel.jpg

ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Avengers တွေရဲ့ Infinity War ရုပ်ရှင် နမူနာ(Trailer) ထွက်ရှိလို့လာပါပြီ။ ။ Iron-Man, Captain America, Thor, Spider-Man တို့ကို ဒီရုပ်ရှင်ထဲမှာ လုံးဝအလန်းစား ဝတ်စုံအသစ်တွေနဲ့ အပြိုင်အဆိုင် တွေ့ရမှာပါ။ ဒီဇာတ်ကားထဲမှာ သာမန် Spider-Man မဟုတ်တော့ဘဲ လုံးဝအလန်းစား Iron-Spider အဖြစ်တွေ့မြင်ရမှာပါ။

ရုပ်ရှင် နမူနာ (Trailer)ထဲမှာပါတဲ့ ” I hope they remember you” ဆိုတဲ့ ဗီလိန်ကြီး Thanos ရဲ့ စကားကြောင့် ဒီတိုက်ပွဲမှာ ဘယ်သူများ သေဆုံးမလဲ… Captain လား? Tony( Iron-Man)လား? ဒါမှမဟုတ်အခြားတစ်ယောက်လား? ဆိုတာ Avengers ပရိသတ်တွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။ကမ္ဘာ့အနှံ့က ရုပ်ရှင်ရုံတွေမှာ ဧပြီလ ၂၇ မှာ စတင်ပြသမှာဖြစ်တဲ့အတွက် Marvel ရဲ့ ထုံးစံအတိုင်း ဘယ်လိုမျိုး မထင်မှတ်ထားတာတွေ လုပ်ပြမလဲ? ဘာတွေပြောင်းလဲကုန်မလဲ?ဆိုတာ ရုပ်ရှင်ပိတ်ကားထက်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရတော့မှာပါ။ရုံမတင်မီ  ကြိူတင်ခန့်မှန်း ခံစား လို့ရအောင် ပါဝင်မယ့် စွမ်းအားရှင်ဇာတ်ကောင်များနဲ့ သူတို့ရဲ့ ဝတ်စုံသစ်တွေကို ရိုးရာလေးပရိသတ်ကြီးအတွက် မိတ်ဆက်ပေးလိုက်တယ်နော်။

 

 

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top