Galaxy S9 နဲ့ S9+ တို့မှာ Recovery Mode ထဲ ဘယ်လိုဝင်မလဲ

samsung-galaxy-s9-concept.jpg

ရိုးရာလေး ပရိတ်သတ်တွေထဲမှာ ဆမ်ဆောင်းရဲ့ Galaxy S9 နဲ့ S9+ ကို ဝယ်ပြီးတဲ့သူတွေ ရှိနေကြပြီလား

…လုပ်ဆောင်ချက် အလန်းစားတွေနဲ့ သဘောကျစရာကောင်းတာကတော့ အတိုင်းထက်အလွန်ပဲနော်…

အခုပြောပြချင်တာက ဒီ Device အသစ်နှစ်မျိုးမှာ Recovery Mode ထဲ ဘယ်လိုဝင်မလဲ ဆိုတာပါ…ဘာဖြစ်လို့လဲဆိုတော့ Home Button မပါဝင်တော့တဲ့ အပြင် ဘေးဘောင်တွေမှာထည့်ပေးထားတဲ့ ခလုတ်တွေကလည်း သုံးစွဲသူတွေအတွက် အသစ်အဆန်းပုံစံမျိုး ဖြစ်နေတာကြောင့်ပါပဲ…Recovery Mode ထဲဝင်ဖို့အတွက် အရင် Device တွေမှာ သုံးခဲ့တဲ့နည်းနဲ့ ဝင်ဖို့ အဆင်မပြေတော့ပါဘူး။ ကဲ…ဘယ်လိုဝင်ရမလဲ ဆိုတာ တစ်ဆင့်ချင်း ရှင်းပြပေးလိုက်ပါတယ်…အရမ်းတော့လည်း မခက်ပါဘူး

၁။ အရင်ဆုံး ပါဝါ(power)ခလုတ်ကို ဖိထားပြီး စက်ပိတ်လိုက်ပါ။

၂။ ပါဝါပိတ်သွားပြီ ဆိုရင် အသံ အတိုး အလျော့ ခလုတ်အောက်ဘက်က ဘစ်ဇ်ဘီ(Bixby) ခလုတ်၊ အသံတင်တဲ့ ခလုတ် နဲ့ ပါဝါ ခလုတ် တွေကို တစ်ပြိုင်တည်း နှိပ်လိုက်ပါ။ အဲဒီအခါ အပြာရောင် ဖန်သားပြင်ဖြစ်သွားပြီး “ Installing System Update” ဆိုတဲ့စာကိုပြပါလိမ့်မယ်။

၃။ စက္ကန့် ၂၀၊ ၃၀ လောက်စောင့်ပြီးရင်တော့ Recovery Menu ပေါ်လာမှာပါ။ အဲဒီတော့မှ ဒေတာတွေ ကက်ခ်ျဖိုင်တွေကို ဖျက်တာ၊ Factory Reset လုပ်တာ နဲ့ SD ကတ်ကနေ Manual နည်းနဲ့ အဆင့်မြှင့်တာတွေကို လုပ်ဆောင်နိုင်ပါပြီ။ Recovery Menuထဲမှာ အပေါ် အောက် ရွှေ့ဖို့အတွက် အသံ အတိုး အလျော့ ခလုတ်တွေကို သုံးနိုင်ပြီး လုပ်ဆောက်ချက်ရွေးချယ်ဖို့ အတွက် ပါဝါ ခလုတ်ကို သုံးရမှာဖြစ်ပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top