ပရိတ်သတ် အချစ်တော် ကိုရီးယားမင်းသမီး ပတ်ရှင်ဟေး ရဲ့ အကြောင်း

p.jpg

ဒီတစ်ခေါက် ရိုးရာလေး ပရိတ်သတ်တွေကို ဖော်ပြပေးချင်တာကတော့ ပရိတ်သတ် အချစ်တော် ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ပတ်ရှင်ဟေးက သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သလို အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

ပတ်ရှင်ဟေးကိုတော့ ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူ မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမမှာ မောင်လေး တစ်ဦးရှိပြီး သူကတော့ Tree Bicycle ဆိုတဲ့ band ရဲ့ ဂစ်တာ သမားပဲဖြစ်ပါတယ်။ ပတ်ရှင်ဟေးဟာ ဂီတ၊ ပြဇာတ်နဲ့၊ အဆို ဘာသာရပ်တွေနဲ့ ကိုးရီးယားနိုင်ငံ ချောင်အန်း တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ သူမက ဘေ့စ်ဘောအားကစားကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ သတင်းကတော့ အခုထိ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

သူမအနေနဲ့ အနုပညာလောကထဲရောက်ရှိလာတာ အသက် 13 နှစ်ကတည်းကပါ။ သူမ ပထမဆုံး သရုပ်ဆောင်ခဲ့တာကတော့ မြန်မာနိုင်ငံက ကိုရီးယားစီးရီး ပရိသတ်တွေ အသည်းစွဲ ကြိုက်ခဲ့ကြတဲ့ အချစ်လှေကားထစ်များ (Stairway to Heaven-2003) ဇာတ်ကားထဲက ဇာတ်ဆောင်မင်းသမီး ချွိုင်ဂျီဝူးရဲ့ ကလေးဘဝ နေရာမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကောင်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။

နောက်ထပ် သူ့ရဲ့ အောင်မြင်မှုကို တွန်းပို့ပေးခဲ့တဲ့ စီးရီး နောက်တစ်ခုကတော့ Tree of Heaven (2006) ပါ။ အဲ့ဒီ စီးရီးကိုလည်း မြန်မာနိုင်ငံက ကိုရီးယားစီးရီး နှစ်သက်သူတွေ ကြည့်ဖြစ်ခဲ့ကြမယ်ထင်ပါတယ်။ အရမ်းကို အောင်မြင်ခဲ့တဲ့ စီးရီး တစ်ခုပါ။ ပတ်ရှင်ဟေးရဲ့ အောင်မြင်မှုတွေ၊ သရုပ်ဆောင်မှုတွေကတော့ အဲ့ဒီလောက်နဲ့ ရပ်တန့်မနေခဲ့ပါဘူး။ သူမကို ဆက်လက်အောင်မြင်စေခဲ့တဲ့ ဒရာမာစီးရီးတွေကတော့ မြန်မာနိုင်ငံမှာတော့ အိန်ဂျယ်ချစ်သူဆိုပြီး လူကြိုက်များခဲ့တဲ့ You’re Beautiful (2009)၊ လီမင်ဟိုနဲ့ အတူတူ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ The Heirs (2013)၊ တို့အပြင် နောက်ဆုံးအနေနဲ့ ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တဲ့ ကင်ရေးဝန်နဲ့ အတူ တွဲဖက် သရုပ်ဆောင်တဲ့ Doctor Crush (2016) အထိ သူမရဲ့ ကြိုးစားမှု၊ စန်းနဲ့ အောင်မြင်မှုကတော့ ချီးကျူးစရာပါပဲ။

ပတ်ရှင်ဟေး ဟာ Blackened Heart (2017) ၊ My Annoying Brother (2016) ၊ The Beauty Inside (2015)၊ Love Phobia (2006) စတဲ့ ရုပ်ရှင်တွေအပြင် အခြားသော ရုပ်ရှင်တော်တော်များများလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့ပြင် သူမက သီချင်းတွေလည်း သီဆိုသူပါ။ အများအားဖြင့်တော့ သူမပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်၊ စီးရီးတွေထဲက ဇာတ်ဝင်သီချင်းတွေကို ကိုယ်တိုင် သီဆိုလေ့ရှိပါတယ်။ အခု တင်ဆက်ပေးလိုက်တာကတော့ မြန်မာပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီးရှိမယ့် ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးရဲ့ အကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ် ဆက်လက် ဖော်ပြပေးစေချင်တဲ့ အနုပညာရှင်တွေရှိရင်လည်း comment မှာ ရေးပေးခဲ့ပါဦး။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top