“13ReasonsWhy” ပရိသတ်တစ်ဦးမိမိကိုယ်ကိုသတ်သေမှုကြောင့်တရားစွဲခံရဖို့နီးစပ်နေတဲ့Selena Gomez

1587483-selena-1513671267-582-640x480.jpg

သေဆုံးသွားတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖေကတော့ သူ့ကလေးသေဆုံးမှုက Selena Gomez မှာတာဝန်ရှိတယ်လို့ယုံကြည်ပါတယ်။

၁၅ နှစ်အရွယ်သမီးငယ်ကိုဆုံးရှုံးလိုက်ရတဲ့ John Herndon ကသူ့သမီး Bella ဟာ Netfliix ကလွှင့်တဲ့ နာမည်ကြီး 13 Reason Why ဇာတ်လမ်းတွဲကြည့်ရှုပြီး သေကြောင်းကြံစည်ခဲ့တာဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

Bad Liar သီချင်းရဲ့တေးသံရှင်ဖြစ်ပြီး သူမရဲ့ အမေ Mandy Teefey နဲ့ တွဲဖက်ကာရှင်ရှင်ထုတ်လုပ်ရေးမှူးအဖြစ် တာဝန်ယူထားတဲ့ Selana Gomez ကို  အထက်တန်းကျောင်းသူ သေကြောင်းကြံတဲ့အထိဖြစ်စေခဲ့မှုနဲ့ ကာယကံရှင်မိဘတွေက တရားစွဲဆိုခြိမ်းခြောက်ထားပါတယ်။

ရိုက်ကွင်းပြုလုပ်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ် Livemore မှဒေသခံတစ်ဦးRadar Online ကိုပြောပြခဲ့တာက “ကျွန်တော်ကတော့ လုံးဝမနှစ်မြို့ဘူးဗျ။ Selena ကကျွန်တော့်ကို စိတ်ပျက်စေတယ်။ သူများစိတ်နဲ့ကိုယ်အသက်ရှင်သန်နေရတာမျိုး ဖြစ်အောင်လို့ဒီဇာတ်လမ်းတွဲကို ဖန်တီးရိုက်ထားပြီး လူငယ်တွေကို ဒုက္ခပေးတာသူမပဲ။”

ဧပြီလ ၁၈ ရက်နေ့မှာ John နဲ့ သူ့ဇနီးက သူတို့သမီး Bella ကို အဝတ်ဗီရိုကြီးထဲမှာ တွဲလောင်းကြီးဖြစ်နေတာတွေ့ခဲ့ရတာပါ။ ဆေးရုံကို အမြန်ခေါ်ဆောင်သွားပေမယ့် ၁၀ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ John ပြောကြားချက်အရ သူ့သမီးကရိုးသားဖြောင့်မတ်ပြီး ကျောင်းမှာ အနိုင်ကျင့်ခံရပြီးနောက်ပိုင်း နှစ်သိမ့်ဆွေးနွေးအကြံပေးမှုတွေလိုလားနေတဲ့ သူပါ။ 13 Reasons Why ပထမအပိုင်းပြီးသွားတဲ့နေ့တွေတည်းက သူမသမီးက ဘဝကို လက်လျှော့ဖို့ မောင်းတင်ပြင်ဆင်ထားခဲ့တာပါ။

“စိတ်ခံစားမှုရဲ့အမှောင်ကမ္ဘာမှာ နေထိုင်နေတဲ့ သင့်သူငယ်ချင်း ၊ ညီအမအရွယ်ဆယ်ကျော်သက်တွေရှိနေတယ်ဆိုတာသတိရပေးပါ။ Selena နှင့် Netflix ကလူတွေနားလည်ထားသင့်တာက လူတိုင်းနီးပါးကတော့ ဒီလိုဖြစ်ရပ်မျိုး နားလည်ချင်မှလည်မယ်။ စိတ်ဓာတ်ကျခြင်းကိုရင်ဆိုင်နေရတဲ့ တချို့သောလူတွေအတွက်ကတော့ အချိန်အခါမရွေး အဆုံးစီရင် နိုင်တယ်ဆိုတာပါပဲ။” လို့John ကပြောခဲ့ပါတယ်။ John ကတော့ ဒီဇာတ်လမ်းတွဲကို ဖျက်သိမ်းပေးဖို့ နာမည်ကြီး အနုပညာကြယ်ပွင့်တွေကိုဆက်ဆွယ်ဖို့ကြိုးစားခဲ့ပေမယ့်  ဒုတိယပိုင်းကိုဆက်လက်ထုတ်လွှင့်ဖို့တောင်ကြိုးစားနေပြီဖြစ်လို့ သူ့အသနားခံစာက လျစ်လျူရှုခံခဲ့ရပါတယ်။ “Selena ကို ဒီဇာတ်လမ်းတွဲထုတ်လွှင့်မှုဖျက်ပေးပြီး Netflix ကိုလည်း တားပေးပါလို့ကျွန်တော်အကြောင်းကြားခဲ့ပေမယ့် ဘာမှအကြောင်းမပြန်ခဲ့ကြပါဘူး”လို့ John ကပြောပြခဲ့ပါတယ်။

“Netflix က လိင်ပိုင်းဆိုင်ရာအကျင့်ပျက် စွပ်စွဲချက်တွေထွက်ပေါ်ခဲ့တဲ့ House of Card သရုပ်ဆောင် Kevin Spacey နှင့် The Ranch သရုပ်ဆောင် Danny Materson တို့ကို အလုပ်ဖြုတ်ခဲ့လို့ချီးကျူးရပေမဲ့ 13 Reasons Why ဆိုတဲ့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီး အပိုင်း ၁၃ ပိုင်းလည်းပြီးရောဆယ်ကျော်သက် ၂ ယောက် ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အထိဖြစ်အောင် လုပ်ခဲ့တယ်ဆိုတော့ ဒီ Netflix က သူတော်ကောင်းယောင်ဆောင်ထားတဲ့ အကျင့်မကောင်းသူတွေဗျ။” လို့ John ကဆက်လက်ပြောကြားခဲ့ပါတယ်။

စိတ်ထိခိုက်ခံစားနေရတဲ့ ဖခင်တစ်ယောက်ဖြစ်တဲ့ John က  Selena Gomez တစ်ယောက်သတင်းစာရှင်းလင်းပွဲမှာ သူမရဲ့စိတ်ဓာတ်ကျစရာကိစ္စတွေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းတွေပဲပြောပြီး 13 Reasons Why မဖျက်သိမ်းပေးတဲ့အတွက် သူမကိုတွေ့ရတိုင်းစိတ်ပင်ပန်းရတယ်လို့ပြောပါတယ်။

John ဝန်ခံပြောကြားပေးခဲ့တာက “ Netflix လို ဒေါ်လာသန်းချီချမ်းသာတဲ့ ကုမ္ပဏီကိုတရားစွဲဖို့လက်လှမ်းမမီပေမယ့် 13 Reasons Why မှာပါဝင်ရိုက်ကူးသူတွေကို တရားရုံးပို့ချင်တဲ့ စိတ်ဆန္ဒထပ်တူကျတဲ့ လူတွေစုမိခဲ့ရင်တော့ ကျွန်တော်တရားစွဲမှာပါတဲ့”

“13 Reasons Why”ဇာတ်လမ်းတွဲက စာရေးဆရာ Jay Asher ရဲ့ ၂၀၀၇ ခုနှစ်ဆယ်ကျော်သက်ကလေးသူငယ်အကြောင်းဝတ္ထုရှည် ( young adult novel) ကိုအခြေခံကာ ကယ်လီဖိုးနီးယားပြည်နယ် Bay Area မှာ ရိုက်ကူးခဲ့တာပါ။ ဇာတ်အိမ်အပိုင်းအနေနဲ့ အသက် ၁၇ ခုနှစ်အရွယ် အထက်တန်းကျောင်းသူ Hannah Baker ဆိုတဲ့ကောင်မလေးကိုယ့်ကိုယ်ကိုသတ်သေပြီး ဒီလိုသတ်သေတဲ့ ဆုံးဖြတ်ချက်ချ ဖြစ်အောင်ပါဝင်ပတ်သက်ခဲ့ကြတဲ့ လူ ၁၃ ဦးကို တစ်ဦးချင်းစီနဲ့ပတ်သက်တဲ့ တိပ်ခွေကို အသံသွင်းပြီးချန်ထားပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွဲက အားငယ်သူအပေါ်မတရားအနိုင်ကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေကို အခြေခံပြီး ဖန်တီးထားခဲ့ခြင်းပဲဖြစ်ပါတယ်။

John ရဲ့ သောကတွေကိုဖြေရှင်းပေးဖို့ Selena ကမကြိုးစားခဲ့ပေမယ့် 13 Reasons Why ဇာတ်လမ်းတွဲက  အဓိကပေးချင်တဲ့ အကြောင်းအရာအကြောင်း ပြောပြခဲ့ပါတယ်။ “ကျွန်မတို့အရိုးသားဆုံးနဲ့ အတတ်နိုင်ဆုံးလူတွေကိုပြောပြပေးချင်တာ suicide ဆိုတာ မဖြစ်မနေရွေးချယ်သင့်တာ မဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

May Moe (ရိုးရာလေး)

Ref : Tribune : Selena Gomez Under Fire from Dad of ’13 Reasons Why’ Fan Who Committed Suicide

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top