ဆွမ်းဆီးအသင်း နည်းပြ ပေါ်စီလ်မန်ကို ရာထူး ထုတ်ပယ်

yyl-012.jpg

ပရီးမီယားလိဂ် ကလပ် ဆွမ်းဆီးအသင်း ဟာ နည်းပြ ပေါ်စီလ်မန်ကို ဒီဇင်ဘာ ၂၀ ရက်နေ့က ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။

ဆွမ်းဆီအသင်း ဟာ ရလဒ်တွေမကောင်းဘဲ ပရီးမီးလိဂ် အမှတ်ပေးဇယားအောက်ဆုံးမှာရှိနေတာကြောင့် နည်းပြကို ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ဆွမ်းဆီးအသင်း ဟာလက်ရှိရာသီရဲ့ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲသာ အနိုင်ရထားပါတယ်။ 
နည်းပြစီလ်မန့် ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက တန်ဆင်းဇုန်ထဲမှာရှိနေတဲ့ ဆွမ်းဆီးအသင်းကို တာဝန်ယူခဲ့ပြီး အသင်းကို တန်းဆင်းဇုန် ထဲကနေ အဆင့် ၁၅နေရာရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ 
နည်းပြ စီလ်မန် ဟာ ဆွမ်းဆီးအသင်းကိုတာဝန်မယူခင် ပီအက်ဂျီ၊ ရီးရဲမက်ဒရစ် နဲ့ ချဲလ်ဆီးအသင်းတို့မှာ နည်းပြ အန်ဆယ်လော့တီရဲ့ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ဒါအပြင် ဆွမ်းဆီးအသင်းရဲ့လက်ထောက်နည်းပြ နီဂယ်လ် ဂစ်ဘ် နဲ့ ကာလ်ဟာလဘီ တို့ ဟာ အသင်းနည်းပြအဖွဲ့ကနေ ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။ ဆွမ်းဆီးအသင်း ဟာ လာမယ့် ၂၄ နာရီအတွင်း နည်းပြအဖွဲ့ အစားထိုးမယ့်လူစာရင်းကို ထုတ်ပြန်ဖွယ်ရှိနေပါတယ်။

Ref: www.bbc.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top